Untitled Document
Untitled Document

အယ်ဒီတာ့အာဘော်

အယ်ဒီတာ့အာဘော်

ဥတုရာသီတွေ တရွေ့ရွေ့ပြောင်းလဲလို့ ဆောင်းဦး အချိန်ကလေး အတုံ့တစ်လှည့် ဆိုက်ရောက်လို့လာပြီ။ လောကတစ်ခွင် ဆောင်းရနံ့နဲ့သင်းပျံ့လို့ ချမ်းချမ်းတုန်ရီခံစားရတဲ့ အအေးဓာတ်ကလေးကလည်း လူသားတိုင်းရဲ့ နှလုံးသားကို အေးချမ်းစေသလို ဆောင်းရာသီရဲ့အလှတစ်မျိုးလည်း ဖြစ်ရပါတယ်။ မြူနှင်းကလေးများ တဖွဲဖွဲကျလို့ စိမ်းစိုနေတဲ့ သစ်ပင်ပန်းမာန်၊ မြက်ခင်းပြင်ကလေးတွေကလည်း ဆောင်းရာသီရဲ့အလှပန်းချီတစ်ရပ်လို ကမ္ဘာကြီးကို အလှဆင်မြန်းပေးနေပါတယ်။
ဆောင်းရာသီရဲ့ ညလေးတစ်ညတော့ ကမ္ဘာလောက လူသားများအားလုံးရဲ့ နှလုံးသားတိုင်းမှာ အမြဲသတိရအမှတ်ရစေတဲ့ ကယ်တင်ရှင်မက်ဆီးယား သခင်ရဲ့မွေးနေ့ရက်မြတ်၊ ခရစ္စမတ်ညအချိန်အခါ သမယလေးပဲ ဖြစ်ပါတယ်။ကယ်တင်ရှင်ခရစ်တော်ရဲ့ လူ့ဇာတိယူ၊ မွေးဖွားသန့်စင်ခြင်းဖြင့် အပြစ်တရား နှောင်ဖွဲ့ရာများမှ လွှတ်မြောက်ကာအမှောင် ကမ္ဘာဟာ အလင်းရောင်ဖြာလို့ ရွှင်လန်းဝမ်းမြောက်ရပါတယ်။
ကယ်တင်ရှင် မယ်ဆီးယားသခင်ဟာ အမုန်းတရားမှ ချစ်မေတ်္တာသို့၊ အတ္တမာနတရားမှာ နှိမ့်ချခြင်းသို့၊ စိတ်နှလုံးကြေကွဲခြင်းမှ နှစ်သိမ့်အားမြောက်ခြင်းသို့၊ ဝမ်းနည်းပူနွေးခြင်းမှ ဝမ်းမြောက်ခြင်းသို့ ပို့ဆောင်လျက် ဆင်းရဲသားတို့အား ဝမ်းမြောက်စရာသတင်းကို ဟောပြောရန်၊ ချုပ်နှောင်ခံရသောသူတို့အား လွတ်ငြိမ်းခြင်းကိုကြေငြာရန်၊ မျက်စိမမြင်သောသူတို့အား မျက်စိအလင်းကို ပေးရန်၊ ဖိနှိပ်ခံရသောသူတို့အား ကယ်တင်ရန် မွေးဖွားလာတော်မူခြင်းပင် ဖြစ်ပါတယ်။
ခရစ်တော်ဘုရားရှင်ရဲ့ ဖွားမြင်တော်မူခြင်း ဝမ်းမြောက်စရာသတင်းကောင်းဟာ ကမ္ဘာလောကတစ်ခုလုံး ပဲ့တင်ထပ်လို့ ဘုရားရှင်ရဲ့ ဘုန်းဂုဏ်တော်ကြီးမြတ်ပါစေသား။ ကမ္ဘာလူသား ကျွနု်ပ်တို့များအားလုံး အသားအရောင်း၊ အဆင့်အတန်း၊ ချမ်းသာဆင်းရဲ မခွဲခြားဘဲဘုရားရှင်ကို နှစ်သက်မြတ်နိုး နှလုံးလှသူများအားလုံး အပေါ်သို့ ငြိမ်းချမ်းသာယာခြင်းကို ဆောင်ယူလာဖို့ ကြွလာခြင်းသာ ဖြစ်ပါတယ်။
ခရစ္စမတ်ကောင်းကြီး ဆွေသဟာများအားလုံးရဲ့အပေါ် သက်ရောက်လို့စိတ်သစ်၊ ကိုယ်သစ်နှလုံးသစ်နဲ့ နှစ်သစ် ၂၀၂၀ ကို ဝမ်းမြောက်ပျော်ရွှင်စွာ ကြိုဆိုလျက် ပိုမိုပြည့်ဝသော အသက်တာကို ပိုင်ဆိုင်လျှောက်လှမ်းနိုင်ကြပါစေ။
ဖာသာရ်ဆာဘေးယန်

2019-12-18 04:21:44
အယ်ဒီတာ့အာဘော်
Untitled Document copyright © www.kalaycatholicdiocese.com, All rights reserved.