Untitled Document
Untitled Document

အယ်ဒီတာ့အာဘော်    ....

အယ်ဒီတာ့အာဘော်    ....

ဘဝဟောင်းသည် ပျောက်ကွယ်သွားသဖြင့် ဘဝသစ်ရောက်လာလေပြီ (ကော်ရိန့်သု သြဝါဒစာ ဒုတိယစောင် ၅း၁၇) ဟူသော ကျမ်းစကားနှင့်လျောညီစွာ နှစ်သစ်မင်္ဂလာ ၂၀၂၀ ခုနှစ်ကို ဝမ်းသာဝမ်းမြောက် ကြိုဆိုကာ ၂၀၂၀ ခုနှစ် နှစ်သစ်မင်္ဂလာ အခါသမယ၌ ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ ချမ်းသာခြင်းနှင့် ပြည့်စုံနိုင်ကြပါစေကြောင်း ဦးစွာပထမ နှုတ်ဆက်ခွန်းဆက် ဆုချွေပါရစေ။

နှစ်ဟောင်းမှသည် နှစ်သစ်ကို ကူးပြောင်းလာသော အချိန်အခါတွင် ကမ်္ဘာလောကကြီး၏ ပြောင်းလဲခြင်းနိယာမတရားကို မျက်ဝါးထင်ထင် ပေါ်လွင်ခံစားရသည်။ ပြောင်းလဲ ရွေ့လျားနေသော ဤကမ်္ဘာလောကကြီး၌ နေထိုင်ကြသော ကျွနု်ပ်တို့အားလုံးတို့သည်လည်း ပြောင်းလဲခြင်းနိယာမ အကြားရှင်သန်နေကြသော ပုဂ်္ဂိုလ်များပင်ဖြစ်ပါသည်။ တစ်နည်းဆိုရသော် မိမိတို့၏ ဘဝရှင်သန်မှု စတိုင်လ်တု့ိသည်လည်း အချိန်အခါနှင့် နေရာဒေသအပေါ် ပြောင်းလဲ ဆန်းသစ်လာရပါသည်။ ထို့အတူ ယုံကြည်ခြင်းအသက်တာ ခရီးသည်လည်း တိုးတက် ဆန်းသစ်ရန် လိုပါသည်။

နှစ်ဟောင်းမှ နှစ်သစ်သို့ကူးပြောင်းလာသော ဤကမ်္ဘာလောကကြီးနှင့်အတူ ကျွနု်ပ်တို့၏ အသက်တာသည်လည်း အဟောင်းမှအသစ်သို့ ကူးပြောင်းအပ်ပါသည်။ ဘုရားနှင့်ဝေး၊ တရားနှင့်ကင်းခဲ့လျှင် ဘုရားရှင်၏ ပညတ်တရား မေတ်္တာအရိပ်၌ ခိုလှုံတတ်လာခြင်း အတ်္တမာနတရားမှသည် စိတ်နှလုံးသိမ်မွေ့နှိမ့်ချခြင်း၊ အမုန်းတရားပွား ရန်လိုတတ်ခြင်းမှသည် မေတ်္တာပွားများ ငြိမ်းချမ်းခြင်း၊ ကိုယ့်အကျိုးကိုသာ မျှော်ကိုးခြင်းမှသည် အများအကျိုး သယ်ပိုးတတ်ခြင်း၊ မကောင်းမှု ပြောဆိုကျင့်ကြံမှုများမှသည် ကောင်းမှုကုသိုလ်များ ပြုမူခြင်းသို့ ပြောင်းလဲသစ်လွင်အပ်ပါသည်။ ဤပြောင်းလဲမှုကျင့်စဉ် ပါရမီတို့သည် နှစ်သစ်၏ အနှစ်သာရများဖြစ်သကဲ့သို့ ဖန်ဆင်းခြင်းအသစ်သို့ ပို့ဆောင်ပေးသော ကျင့်စဉ် များလည်းဖြစ်လေသည်။

သို့ဖြစ်၍ နှစ်သစ် (၂၀၂၀) ခုနှစ်သည် နှစ်ဟောင်း ၂၀၁၉ ခုနှစ်ထက် ကယ်တင်ရှင် ခရစ်တော်ဘုရားရှင်နှင့် ပိုမိုပေါင်းစပ်ရှင်သန်နိုင်ကြရန် ပြောင်းလဲအပ်သောအရာများကို ပြောင်းလဲကာ ဖန်ဆင်းခြင်းအသစ်များ အဖြစ်သို့ကူးပြောင်းကြစို့။ ခရစ်တော်၌ရှိသော သူသည် ဖန်ဆင်းခြင်းအသစ်ဖြစ်လေ၏။                       

ဖာသာရ်  စဘားရှင်း(ကလေး)   
တာဝန်ခံအယ်ဒီတာ

2020-01-24 20:24:18
အယ်ဒီတာ့အာဘော်
Untitled Document copyright © www.kalaycatholicdiocese.com, All rights reserved.