Untitled Document
Untitled Document

အရာအားလုံးတည်ရှိခြင်းရဲ့ အကြောင်းတရား

အရာအားလုံးတည်ရှိခြင်းရဲ့ အကြောင်းတရား

    “ခပ်သိမ်းသောအရာတို့သည် ကိုယ့်တော်ထံမှလည်းကောင်း၊ ကိုယ်တော်အားဖြင့် လည်းကောင်း၊ ကိုယ်တော့်အတွက် လည်းကောင်း ဖြစ်တည်လျက် ရှိကြ၏။ ကိုယ်တော်ရှင်အား ကာလအဆက်ဆက် ဘုန်းတော်ဂုဏ်တော် ရှိစေသတည်း။” (ရောမ ၁၁း၃၆)

“ထာဝရဘုရားသခင်သည် ခပ်သိမ်းသောအရာတို့ကို
ရည်ရွယ်ချက်အသီးသီးအတွက် ဖန်ဆင်းတော်မူ၏။”
(သုတ်္တံကျမ်း ၁၆း၄)

အရာအားလုံးဟာ သူ့အတွက် ဖြစ်တယ်။
    စကြာဝဋ္ဌာကြီး တည်ရှိနေခြင်းရဲ့ အဆုံးစွန်းသော ပန်းတိုင်ဟာ ဘုရားသခင်ရဲ့ ဘုန်းဂုဏ်တော်ကို ဖွင့်ဟပြသဖို့ ဖြစ်ပါတယ်။ဒါဟာ သင် အပါအဝင် တည်ရှိ ကြကုန်သော အရာခပ်သိမ်းတို့ရဲ့တည်ရှိခြင်း အကြောင်းတရား ဖြစ်ပါတယ်။ဘုရားသခင်က သူ့ရဲ့ ဘုန်းဂုဏ်တော်အတွက် အရာအားလုံးကို ဖန်ဆင်းခဲ့တာ ဖြစ်တယ်။ ဘုရားရဲ့ ဘုန်းဂုဏ်တော်သာမရှိခဲ့ရင် ဘယ်အရာမှ ဖြစ်တည်နေမှာ မဟုတ်ပါဘူး။


    ဘုရားသခင်ရဲ့ ဘုန်းဂုဏ်တော်ဆိုတာ ဘာလဲ။ ဘုရားရဲ့ဘုန်းဂုဏ်တော် ဆိုတာက ဘုရားက ဘယ်သူလဲဆိုတာကို ဖော်ပြတဲ့အရာ ဖြစ်တယ်။ ဘုရားဖြစ် တည်မှုရဲ့အနှစ်သာရ၊ သူ့ရဲ့ကြီးမြင့်မြတ်မှုရဲ့သင်္ကေတ၊ သူ့ရဲ့ကြီးကျယ်ခမ်းနား မှုရဲ့ရောင်ခြည်တော်၊ သူ့ရဲ့ စွမ်းအားတန်းခိုးရဲ့ပြယုဂ်၊ သူတည်ရှိမှုရဲ့အငွေ့အသက် ဖြစ်တယ်။ ဘုရားရဲ့ ဘုန်းဂုဏ်တော်ဟာ သူ့ရဲ့ကောင်းမြတ်ခြင်းတွေ၊ သူ့ရဲ့ ထာဝရ မြဲမြံတဲ့ ကိုယ်ပိုင်ကြန်အင်လက်္ခဏာတွေကို ဖော်ပြပေးပါတယ်။

    ဘုရားရဲ့ ဘုန်းဂုဏ်တော်ဟာ ဘယ်နားမှာလဲ။ သင့်ရဲ့ ပတ်ဝန်းကျင်ကို လှမ်းကြည့်လိုက်ပါ။ ဘုရား ဖန်ဆင်းထားတဲ့ အရာတွေအားလုံးက သူ့ရဲ့ဘုန်းဂုဏ် တော်ကို တစ်နည်းတစ်ဖုံအားဖြင့် ရောင်ပြန်ဟပ်နေပါတယ်။ ဒါကို နေရာတိုင်းမှာ တွေ့ရပါတယ်။ ဘဝရဲ့ အသေးငယ်ဆုံးသော အမှုန်အမွှားများကစပြီး ကြီးမားတဲ့ နဂါးငွေ့တန်းကြီးတွေ ထိအောင်၊ နေဝင်ဆည်းဆာချိန်နဲ့ ကြယ်တာရာတွေကစပြီး မုန်တိုင်းများ၊ သဘာဝကပ်ဘေးများ စသဖြင့် ရာသီဥတု အခြေအနေတွေ ထိအောင်၊ နေရာအနှံ့မှာ  ဘုရားရဲ့ဘုန်းဂုဏ်တော်ကို တွေ့မြင်နိုင်ပါတယ်။ ဖန်ဆင်းခံအရာအားလုံးဟာ ဖန်ဆင်းရှင်ရဲ့ ဘုန်းဂုဏ်တော်ကို ဖော်ကျူး နေပါတယ်။ သဘာဝတရားအားဖြင့် ဘုရားသခင်ဟာ စွမ်းအားရှင် ဖြစ်တယ် ဆိုတာ ကျွန်တော်တို့ သိရှိရပါတယ်။ သူဟာ ကွဲပြားခြားနားမှုတွေကို နှစ်သက် တယ်။ အလှတရားကို မြတ်နိုးတယ်။ အရာရာကို စုစည်းတတ်တယ်။ ပညာ ဉာဏ်ပြည့်စုံတယ်။ ဖန်တီးနိုင်စွမ်းရှိတယ်။ ဒါ့ကြောင့် “ကောင်းကင်သည် ဘုရားသခင်၏ ဘုန်းဂုဏ်တော်ကို ပြောကြားလျက်ရှိ၏”လို့ (ဆာလံ ၁၉း၁) သမ်္မာကျမ်းစာက ဆိုထားပါတယ်။

     လူ့သမိုင်းတစ်လျှောက်ကို ကြည့်မယ်ဆိုရင်၊ ဘုရားသခင်က လူတွေရဲ့ ဘ၀ အခြေအနေအမျိုးမျိုးမှာ သူ့ရဲ့ဘုန်းဂုဏ်တော်ကို ဖွင့်ပြလေ့ရှိပါတယ်။ သူ့ရဲ့ ဘုန်းဂုဏ်တော်ကို အေဒင်ဥယျာဉ်ထဲမှာ ပထမဆုံးအကြိမ် ဖွင့်ဟခဲ့ပါတယ်။ အဲဒီ နောက် မိုးဇက်ဆီမှာ ပြသခဲ့တယ်။ အဲဒီနောက် ဘုရားကျောင်းဗိမာန်တော်ထဲမှ ဖွင့်ဟခဲ့ပါတယ်။ အဲဒီနောက် သခင်ယေဇူးအားဖြင့် ဖွင့်ဟခဲ့ပါတယ်။ အခုချိန်မှာ တော့ အသင်းတော်အားဖြင့် ဖွင့်ဟပေးနေပါတယ်။ (ကမာ်္ဘဦးကျမ်း ၃း၈၊ ထွက် မြောက်ရာကျမ်း ၃၃း၁၈-၂၃၊ ၄၀း၃၃-၃၈၊ ဓမ်္မရာဇဝင် တတိယ ရး၅၁၊ ၈း၁၀-၁၃၊ ရှင်ယောဟန် ၁း၁၄၊ ဧဖက် ၂း၂၁-၂၂၊ ဒု-ကော်ရိန့်သု ၄း၆-၇)

    တစ်ခါတစ်လေ သူ့ရဲ့ ဘုန်းဂုဏ်တော်ကို လောင်ကျွမ်းနေသောမီး၊ မိုးတိမ်၊ မိုးချုံသံ၊ မီးခိုးငွေ့၊ တောက်ပတဲ့အလင်းရောင် စတဲ့အရာတွေအားဖြင့် ထင်ရှားစေပါတယ်။ “ထာဝရဘုရား၏ ဘုန်းတော်သည် တောင်ထိပ်ပေါ်မှာ လောင်သော မီးကဲ့သို့ ထင်၍၊ ဣသရေလ အမျိုးသားတို့သည် မြင်ရကြ၏။- ထိုအခါ မိုးတိမ်သည် ပရိသတ် စည်းဝေးရာ တဲတော်ကို လွှမ်းမိုး၍၊ ထာဝရဘုရား ၏ ဘုန်းတော်သည် တဲတော်ကို ဖြည့်လေ၏” (ထွက်မြောက် ၂၄း၁၇၊ ၄၀း၃၄)။

    “ထာဝရဘုရားသခင်၏ အသံတော်သည် ရေပြင်ပေါ်တွင် တည်ရှိ တော်မူ၏။ ဘုန်းကြီးတော်မူသော ဘုရားသခင်သည် မိုးထစ်ချုန်းသကဲ့သို့ မြည် ဟည်းတော်မူ၏။ ထာဝရဘုရားသခင်သည် ရေများပေါ်တွင် တည်ရှိတော်မူ၏” (ဆာလံ ၂၉း၃)။

    “သူတို့ကလည်း၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် သန့် ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏။ မြေကြီးလုံးသည် ဘုန်းတော်နှင့် ပြည့်လေ၏ဟု တစ်ပါးကိုတစ်ပါး ကြွေးကြော်၍ မြွက်ဆိုကြ၏။ ထိုသို့သော ကြွေးကြော်သံကြောင့်၊ တံခါးတိုင်တို့သည် လှုပ်ရှား၍ မီးခိုးနှင့် တစ်အိမ်လုံး ပြည့်လေ၏။- သင် ထလော့။ လင်းလော့။ သင်၏အလင်း ရောက် လာပြီ။ ထာဝရဘုရား၏ ဘုန်းတော်သည် သင်၏အပေါ်မှာ ပေါ်ထွန်းလျက် ရှိ၏”(ဟေရှယ ၆း၃-၄၊ ၆၀း၁)။

    “ထိုအခါ ထာဝရဘုရားသခင်၏ ကောင်းကင်တမန်တော် တစ်ပါးသည် သူတို့အား ထင်ရှားပြလေ၏။ ထာဝရဘုရားသခင်၏ ဘုန်းဂုဏ်တော်သည်လည်း သူတို့ပတ်လည်တွင် ထွန်းတောက်သဖြင့် သူတို့သည် အလွန်ထိတ်လန့်ကြောက်ရွံ့ ကြ၏”(ရှင်လုကာ ၂း၉)။ ကောင်ကင်နိုင်ငံမှာ ဘုရားရဲ့ ဘုန်းဂုဏ်တော်ဟာ လိုအပ်တဲ့ အလင်းရောင် အားလုံးကို ဝေမျှပေးပါတယ်။ “ဘုရား သခင်၏ ဘုန်းဂုဏ်တော်သည် မြို့တော်၏ အလင်းဖြစ်၍ သိုးငယ်တော်သည် မြို့တော်၏ ဆီမီးဖြစ်သောကြောင့် မြို့တော်ကြီးကို အလင်းပေးရန် နေနှင့်လတို့ကို မလိုအပ်ချေ”( ဗျာဒိတ်ကျမ်း ၂၁း၂၃)လို့ သမ်္မာကျမ်းစာက ဆိုပါတယ်။

    ဘုရားရဲ့ ဘုန်းဂုဏ်တော်ဟာ ယေဇူးခရစ်တော်၌ အကောင်းဆုံး ရုပ်လုံးပေါ် လာပါတယ်။ လောကရဲ့အလင်းဖြစ်တဲ့ ခရစ်တော်ဟာ ဘုရားရဲ့ အဖြစ်အခြေအနေကို တခမ်းတနား ဖြစ်စေပါတယ်။ ယေဇူးခရစ်တော်အားဖြင့် ကျွန်တော်တို့ဟာ ဘုရားသခင် အလိုရှိတဲ့အတိုင်း အမှောင်မှာ ကျင်လည်တဲ့သူတွေ မဟုတ်တော့ပါဘူး။
    “ထိုသားတော်သည် တန်ခိုးနှင့်ပြည့်သော မိမိ၏ အမိန့်တော်ဖြင့် စကြာဝဋ္ဌာကို တည့်တံ့စေလျက် ဘုရားသခင်၏ ဘုန်းဂုဏ်တော်ကို ထင်ဟပ် ပြီးလျှင် ဘုရားဇာတိ ပကတိအတိုင်းပင် ဖြစ်တော်မူ၏” (ဟေဗြေဦး ၁း၃)။
    “အဘယ်ကြောင့်ဆိုသော် ခရစ်တော်၏ မျက်နှာတော်တွင် ထွန်းတောက် လျက်ရှိသော ဘုရားသခင်၏ ဘုန်းဂုဏ်တော်အကြောင်းကို သိနားလည်နိုင်ရန် ငါတို့၏ စိတ်နှလုံးထဲ၌ အလင်းကို ထွန်းလင်းစေတော်မူသောအရှင်မှာ ဘုရားသခင် ဖြစ်တော်မူ၏။ ကိုယ်တော်သည် အမှောင်ထဲမှ အလင်း ရောင်ပေါ်ထွက်စေဟု မိန့်တာ်မူခဲ့သောအရှင် ဖြစ်၏”(ဒု-ကော်ရိန့်သု ၄း၆)။

    ဘုရားသခင်ရဲ့ ဘုန်းဂုဏ်တော်ကို ကျွန်တော်တို့ ကြွယ်ဝပြည့်စုံစွာ နားလည်နိုင်ဖို့ ယေဇူခရစ်တော်ဟာ လောကကို ဆင်းကြွလာတာ ဖြစ်တယ်။ “နှုတ်တော်ထွက် စကားသည်လည်း လူ့ဇာတိအဖြစ်ကို ယူတော်မူ၍ ငါတို့ အလယ်တွင် စံပယ်တော်မူလေ၏။ ငါတို့သည် ကျေးဇူးတော်နှင့် သမ်္မာတရား တို့ဖြင့် ပြည့်စုံလျက်ရှိသော ကိုယ်တော်၏ ဘုန်းတော်ကို ခမည်းတော်၏ တစ်ပါးတည်းသော သားတော်၏ ဘုန်းတော်အဖြစ် ဖူးမြင်ကြရလေပြီ” (ရှင်ယောဟန် ၁း၁၄)။

    ဘုရားသခင်ဆီမှာက အစဦးကတည်းကိုက ဘုန်းဂုဏ်တော်ရှိနှင့်နေပြီး သားဖြစ်တယ်။ အဲဒီဘုန်းဂုဏ်တော်ဟာ သူပိုင်ဆိုင်တဲ့အရာ ဖြစ်တယ်။ ဘာဖြစ် လို့လဲဆိုတော့ သူဟာ ဘုရားသခင် ဖြစ်တယ်။ ဒါဟာ သူ့ရဲ့သဘာ၀ ဖြစ်တည်ခြင်း ဖြစ်တယ်။ နေရဲ့အလင်းရောင်ကို ပိုပြီးတောက်ပအောင် ကျွန်တော်တို့ မလုပ်နိုင် သလို ဘုရားရဲ့ဘုန်းဂုဏ်တော် ပိုပြီး ကြီးမားအောင် ကျွန်တော်တို့ ဘာမှ ပေါင်းမထည့် နိုင်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ဟာ သူ့ရဲ့ဘုန်းဂုဏ်တော်ကို သိမှတ်ဝန်ခံဖို့၊ လေးစားဂုဏ်ပြုဖို့၊ သက်သေခံဖို့၊ ချီးမွမ်းသြဘာပေးဖို့၊ ရောင်ပြန်ဟပ်စေဖို့၊၊ သူ့ရဲ့ ဘုန်းဂုဏ်တော်အတွက် အသက်ရှင်ဖို့ စေခိုင်းခြင်းခံရတဲ့ သူတွေ ဖြစ်တယ်။

    “ခရစ်တော်ယေဇူး၌ ငါ၏ ချစ်ခြင်းမေတ်္တာသည် သင်တို့အားလုံးနှင့် အတူ ရှိပါစေသော်” (ပ-ကော်ရိန့်သု ၁၆း၂၄)။
    “အို ကောင်းကင်သားတို့၊ ထာဝရ ဘုရားသခင်ကို အသိအမှတ်ပြု ကြ လော့။ ဘုန်းဂုဏ်တော်နှင့် ခွန်အားတို့သည် ထာဝရဘုရားသခင်နှင့်သာ သက်ဆိုင် ကြောင်း အသိအမှတ် ပြုကြလော့”(ဆာလံ ၂၉း၁)။
    “နာမတော်၏ ဘုန်းဂုဏ်တော်ကို သီဆိုကျူးအေးလော့။ ကိုယ်တော်ရှင် အား ဘုန်းဂုဏ်တော်နှင့် ချီးမွမ်းထောမနာပြုခြင်းကို ဆက်ကပ်ပူဇော်လော့” (ဆာလံ ၆၆း၂)။
    “လူမျိုးနွယ်အပေါင်းတို့၊ ထာဝရဘုရားသခင်ကို သိမှတ်ဝန်ခံကြလော့။ ထာဝရဘုရားသခင်၏ ဘုန်းဂုဏ်တော်နှင့် ခွန်အားတန်ခိုးတော်တို့ကို သိမှတ်ဝန်ခံ ကြလော့” (ဆာလံ ၉၆း၇)။
    “သို့ဖြစ်၍ ငါတို့အားလုံးသည် မျက်နှာကို ဖုံးအုပ်မထားဘဲ သခင် ဘုရား၏ ဘုန်းတော်ကို မှန်ကဲ့သို့ ထင်ဟပ်ပြလျက် ကိုယ်တော်၏ ပုံသဏ္ဍာန် အတိုင်း ဘုန်းဂုဏ်တော် တစ်ဆင့်မှ တစ်ဆင့်သို့ တိုးတက်ပြောင်းလဲလာကြ၏” (ဒု- ကော်ရိန့်သု ၃း၁၈)။

    ဘာ့ကြောင့် သူ့ရဲ့ဘုန်းဂုဏ်တော်အတွက် အသက်ရှင်ရမှာလဲ။ ဘာဖြစ် လို့လဲဆိုတော့ ဘုရားသခင်က ထိုက်တန်လို့ပဲ ဖြစ်ပါတယ်။ ဘုရားကို ဂုဏ်ပြုချီးမွမ်း ခြင်းတွေ ပေးနိုင်သလောက်ပေးဖို့ ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်။ ဘုရား သခင်က အရာအားလုံးကို ဖန်ဆင်းထားတာကြောင့် ဂုဏ်တော်အားလုံး ရဖို့ ထိုက်တန်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ “အကျွနု်ပ်တို့၏ ထာဝရအရှင် ဘုရား သခင်သည် ဘုန်းဂုဏ်တော်၊ ရိုသေလေးစားခြင်းနှင့် တန်ခိုးအာဏာတော်တို့ကို ခံစားထိုက်ပေ၏။ အကြောင်းမူကား ကိုယ်တော်သည် အရာခပ်သိမ်းတို့ကို ဖန်ဆင်းတော်မူ၍ ထိုအရာတို့သည် ကိုယ်တော်၏ အလိုတော်အတိုင်း ဖန်ဆင်း ခြင်းခံရ၍ တည်ရှိလာကြပါ၏”( ဗျာဒိတ် ၄း၁၁)လို့ သမ်္မာကျမ်းစာက ဆိုထား ပါတယ်။

    စကြာဝဋ္ဌာတစ်ခုလုံးထဲရှိ ဘုရားဖန်ဆင်းထားတဲ့ အရာတွေထဲက လမ်းလွှဲသွားတဲ့ သိကြားတမန်တွေ(နတ်ဆိုးတွေ)နဲ့ ကျွန်တော်တို့ (လူတွေ)၊ ဒီနှစ်မျိုးကပဲ ဘုရားရဲ့ဘုန်းဂုဏ်တော် ထင်ရှားစေဖို့ ပျက်ကွက်ခဲ့တာ ဖြစ်တယ်။ အပြစ် အားလုံးရဲ့ အရင်းအမြစ်ဟာ ဘုရားရဲ့ဘုန်းဂုဏ်တော် ထင်ရှားစေဖို့ ပျက်ကွက်ခြင်း၊ ဟန့်တားခြင်းကြောင့် ဖြစ်တယ်။ အပြစ်ဆိုတာ ဘုရားထက် အခြားသောအရာတွေကို ပိုပြီး ချစ်ခင်တွယ်တာခြင်း ဖြစ်တယ်။ ဘုရားရဲ့ ဘုန်းဂုဏ်တော် ထင်ရှားစေဖို့ ငြင်းပယ်ခြင်းဟာ မာန်ကြွပြီး ဘုရားကို ပုန်ကန် ခြင်းပဲ ဖြစ်တယ်။ ဒီအပြစ်ကပဲ စာတန်ကို ဘုရားနဲ့ဝေးကွာစေခဲ့တာ ဖြစ်တယ်။ အဲဒီအပြစ်ကပဲ ကျွန်တော်တို့ကိုလည်း ဘုရားနဲ့ ဝေးကွာစေခဲ့တာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဘုရားရဲ့ဘုန်းဂုဏ်တော်အတွက် မဟုတ်ဘဲ၊ ကျွန်တော်တို့ရဲ့ ဘုန်းဂုဏ်တော်အတွက် အသက်ရှင်ခဲ့ကြလို့ပဲ ဖြစ်တယ်။

    “အကြောင်းမူကား လူအပေါင်းတို့သည် အပြစ်ပြုမိခဲ့ကြ၍ ဘုရား သခင်၏ ဘုန်းဂုဏ်တော်နှင့် ကင်းဝေးခဲ့ကြ၏” (ရောမ ၃း၂၃)။
    ဘုရားသခင်နဲ့ ထိုက်တန်တဲ့ချီးကျူးဂုဏ်ပြုမှုကို ဘယ်လူသားကမှ အပြည့်အ၀ မပေးနိုင်ခဲ့ကြပါဘူး။ ဒီပျက်ကွက်မှုဟာ ကျွန်တော်တို့ရဲ့ အကြီးမားဆုံး အပြစ်အမှား ဖြစ်ပါတယ်။ တစ်ခြားနည်းနဲ့ပြောရမယ်ဆိုရင် ဘုရားရဲ့ဘုန်းဂုဏ် တော်အတွက် အသက်ရှင်ခြင်းဟာ အကြီးမားဆုံးသော ကျွန်တော်တို့ရဲ့ အောင်မြင်မှု ဖြစ်ပါတယ်။ “ငါ့နာမဖြင့် သမုတ်သောသူ၊ ငါ၏ ဘုန်းအသရေဘို့ ငါ ဖန်ဆင်းပြုပြင်၍၊ ဧကန်စင်စစ်လုပ်ပြီးသော သူအပေါင်းတို့ကို ဆောင်ခဲ့လော့ဟု ငါပြောမည်”(ဟေရှာယ ၄၃း၇)လို့ ဘုရားက မိန့်တော်မူပါတယ်။ ဒါ့ကြောင့် ဘုရားဘုန်းဂုဏ်တော် ထင်ရှားဖို့ဟာ ကျွန်တော်တို့ဘဝရဲ့ အကြီးမားဆုံးသော ရည်ရွယ်ချက်ပန်းတိုင် ဖြစ်ရပါမယ်။

ဘုရားရဲ့ ဘုန်းဂုဏ်တော်အတွက် ဘယ်လို လုပ်ဆောင်ရပါမလဲ။

    “အကျွနု်ပ်အား ကိုယ်တော် ပေးအပ်တော်မူသော အမှုတော်တို့ကို ပြီးစီး အောင် ဆောင်ရွက်ခဲ့ခြင်းဖြင့် အကျွန်ုပ်သည် ဤကမာ်္ဘမြေကြီးပေါ်၌ ကိုယ် တော်၏ ဘုန်းဂုဏ်တော်ကို ထင်ရှားစေပါပြီ” (ရှင်ယောဟန် ၁ရး၄)လို့ သခင် ယေဇူးခရစ်တော်က အဖခမည်းတော်ဘုရားကို လျှောက်တင်ခဲ့ပါတယ်။ သခင် ယေဇူးက ဒီကမာ်္ဘမှာ သူတည်ရှိခြင်းရဲ့ ရည်ရွယ်ချက်ကို ပြည့်စုံစေခြင်းဖြင့် အဖဘုရားသခင်ကို ရိုသေလေးစားမှု ပြခဲ့တယ်။ ကျွန်တော်တို့လည်း အဲလိုနည်းနဲ့ ဘုရားသခင်ကို ရိုသေဂါဝရပြုရမှာ ဖြစ်ပါတယ်။ ဖန်ဆင်းခံအရာတွေက သူတို့ တည်ရှိခြင်းရဲ့ ရည်ရွယ်ချက်ကို ပြည့်ဝစေတဲ့အခါမှာ ဘုရားရဲ့ ဘုန်းဂုဏ်တော်ကို ထင်ရှားစေတာ ဖြစ်ပါတယ်။

    ငှက်တွေဟာ ပျံသန်းခြင်း၊ တကျွတ်ကျွတ်အော်မြည်းခြင်း၊ အသိုက် အဝန်းတွေ တည်ဆောက်ခြင်း၊ စသဖြင့် ဘုရားက ရည်ရွယ်ထားတဲ့အတိုင်း အခြား သော ငှက်တွေလို လှုပ်ရှားအသက်ရှင်ခြင်းဖြင့် ဘုရားရဲ့ဘုန်းဂုဏ်တော်ကို ထင်ရှားစေကြတယ်။ သေးသိမ်တဲ့ ပုရွတ်ဆိတ်တစ်ကောင်ဟာ သူ့ကို ဖန်ဆင်း ထားတဲ့ ရည်ရွယ်ချက်ကို ပြည့်စုံစေတဲ့အခါ ဘုရားရဲ့ ဘုန်းဂုဏ်တော်ကို ထင်ရှားစေပါတယ်။ ဘုရားသခင်က ပုရွတ်ဆိတ်ကို ပုရွတ်ဆိတ်ဖြစ်ဖို့ ဖန်ဆင်းခဲ့တာပဲ ဖြစ်တယ်။ သင့်ကိုလည်း သင် ဖြစ်ဖို့ ဖန်ဆင်းခဲ့တာ ဖြစ်တယ်။ စိန်အီရယ်နီအူးစ် (ှအ.ှုမနညနကျ)က “နိုးကြားတက်ကြွပြီး ရှင်သန်လှုပ်ရှားနေတဲ့ လူသားဟာ ဘုရားသခင်ရဲ့ ဘုန်းဂုဏ်တော် ထင်ရှားရာဖြစ်တယ်”လို့ ဆိုပါတယ်။

    ဘုရားသခင်ရဲ့ ဘုန်းဂုဏ်တော်ကို ထင်ရှားစေနိုင်မယ့် နည်းလမ်းတွေ မြောက်များစွာ ရှိပါတယ်။ ဒါပေမယ့် ဒီနည်းလမ်းတွေကို သင့်ရဲ့ဘဝအတွက် ဘုရားသခင် ရည်ရွယ်ထားတဲ့ အချက် (၅)ချက်အားဖြင့် အကျဉ်းချုပ် ပြောပြနိုင်ပါ တယ်။ ဒါပေမယ့် အခုလောလောဆယ်တော့ ခြုံငုံပြီးတော့ပဲ တင်ပြဆွေးနွေး သွားမှာ ဖြစ်ပါတယ်။

(က) ကျွန်တော်တို့ဟာ ဘုရားကို ဝတ်ပြုကိုးကွယ်ခြင်းအားဖြင့် ဘုရားရဲ့ ဘုန်းဂုဏ်တော်ကို ထင်ရှားစေပါတယ်။

    ဘုရားကို ဝတ်ပြုကိုးကွယ်ခြင်းဟာ ဘုရားသခင်အပေါ် ကျွန်တော်တို့ ပထမဆုံးပေးရမယ့် ဝတ်္တရားတစ်ခု ဖြစ်ပါတယ်။ စီ၊အက်၊ လူးဝစ်(ဃ.ှ.ူနတငျ)က “ဘုရားက သူ့ရဲ့ဘုန်းဂုဏ်တော် ထင်ရှားစေဖို့ ကျွန်တော်တို့ကို ပညတ်ပေးတာဟာ ကျွန်တော်တို့ သူ့ရဲ့ကျေးဇူးတော် ခံစားဖို့ ဖိတ်ခေါ်ခြင်း ဖြစ်ပါတယ်” လို့ ပြောခဲ့ပါ တယ်။ ကျွန်တော်တို့ ဘုရားကို ဝတ်ပြုကိုးကွယ်တာဟာ တာဝန်အရမဟုတ်ဘဲ၊ ချစ်ခြင်း၊ ကျေးဇူးတင်ခြင်း၊ ဝမ်းမြောက်ပျော်ရွှင်ခြင်းများရဲ့ လှုံ့ဆော်ခြင်းကြောင့် ဖြစ်ဖို့ ဘုရားက လိုလားပါတယ်။

    ဂျွန်ပိုက်ပါ (ဲသ့ည ဏငစနမ)က “ဘုရားသခင်၌ ကျွန်တော်တို့ ကျေနပ် ပျော်ရွှင်မှုတွေ ဝေဆာနေတဲ့အချိန်ဟာ ကျွန်တော်တို့ထဲမှာ ဘုရားသခင်ရဲ့ ဘုန်းဂုဏ်တော်ဟာ အထင်ရှားဆုံး ဖြစ်ပါတယ်”လို့ ပြောခဲ့ပါတယ်။ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ခြင်း ဆိုတာ ချီးမွမ်းခြင်း၊ သီချင်းဆိုခြင်း၊ ဆုတောင်ခြင်းတွေထက် ပိုပါတယ်။ ဝတ်ပြုကိုးကွယ်ခြင်းဟာ ဘုရားသခင်၌ ပျော်မွှေ့တဲ့ ဘဝနေထိုင်မှု၊ ဘုရားကို ချစ်မြတ်နိုးတဲ့ ဘဝအသက်တာ၊ သူရဲ့ ရည်ရွယ်ချက်အတွက် အသုံး တော်ခံဖို့ ပေးဆက်တဲ့ဘ၀ အသက်တာ ဖြစ်ပါတယ်။ ဘုရားရဲ့ ဘုန်းဂုဏ်တော် အတွက် သင့်ရဲ့ဘဝကို အသုံး ပြုတဲ့အခါ သင် လုပ်ဆောင်တဲ့အရာတိုင်းဟာ ဘုရားကို ဝတ်ပြုကိုးကွယ်ခြင်းပြုတဲ့ လုပ်ဆောင်ချက်တွေ ဖြစ်လာပါတယ်။
    “သင်တို့၏ ကိုယ်အင်္ဂါများကို ဖြောင့်မတ်ခြင်း၏ လက်နက်များအဖြစ် ဘုရားသခင်အား ဆက်သကြလော့”(ရောမ ၆း၁၃၆)။

(ခ) အခြားသော ယုံကြည်သူတွေကို ချစ်ခင်ခြင်းအားဖြင့် ဘုရားရဲ့ ဘုန်းဂုဏ်တော်ကို ထင်ရှားစေပါတယ်။
    သင်ဟာ ဆေးကြောခြင်းမင်္ဂလာကို ခံယူတဲ့အခါမှာ ဘုရားသခင်ရဲ့ မိသားစု ဝင်တစ်ဦးအဖြစ် အသစ်တဖန် မွေးဖွားလာရပါတယ်။ ခရစ်တော်ရဲ့ နောက်လိုက် တယ်ဆိုတာ ယုံကြည်ခြင်းရှိနေရုံနဲ့ မပြီးသေးပါဘူး။ ဘုရားသခင်ရဲ့ မိသားစုဝင် ဖြစ်ရပါမယ်။ ဘုရားရဲ့မိသားစုဝင်တွေကို ချစ်ဖို့ သင်ယူတတ်ရပါမယ်။ ရှင်ယောဟန်က “ငါ့တို့သည် ညီအစ်ကိုတို့ကို ချစ်သောကြောင့် သေခြင်းမှ အသက်ရှင်သို့ ကူးပြောင်းခဲ့ကြသည်ကို ငါတို့ သိကြ၏။ မချစ်တတ်သော သူသည် သေခြင်း၌ ဆက်လက်တည်ရှိနေ၏”(ပ- ယောဟန် ၃း၁၄)လို့ ဆိုပါတယ်။ ရှင်ပေါလုကလည်း “ထို့ကြောင့် ခရစ်တော်သည် သင်တို့ကို ကြိုဆိုလက်ခံသကဲ့သို့ သင်တို့သည်လည်း ဘုရားသခင်၏ ဘုန်းဂုဏ်တော်အတွက် အချင်းချင်း တစ်ဦးကိုတစ်ဦး ကြိုဆိုလက်ခံကြလော့”(ရောမ ၁၅း၇)လို့ ဆိုထားပါတယ်။

    ဘုရားသခင်က ကျွန်တော်တို့ကို ဘယ်လိုဘယ်ပုံ ချစ်တယ်ဆိုတာ သင်ယူ လေ့လာဖို့ ကျွန်တော်တို့ ဝတ်္တရား ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘုရားသခင်က ချစ်ခြင်းမေတ်္တာ ဖြစ်ပါတယ်။ သူ့ရဲ့ချစ်ခြင်းကို သိရှိခြင်းဟာ သူ့ကို ပိုပြီး ရိုသေလေးစား စေပါတယ်။ ယေဇူးက “ငါသည် သင်တို့အား ပညတ်အသစ်ကို ပေးသည်ကား သင်တို့ အချင်းချင်း ချစ်ကြလော့။ သင်တို့ကို ငါချစ်သကဲ့သို့ သင်တို့သည်လည်း အချင်းချင်း ချစ်ကြလော့။ သင်တို့အချင်းချင်း ချစ်ကြလျှင် လူခပ်သိမ်းတို့သည် ချစ်ခြင်းမေတ်္တာကို ထောက်ရူ၍ သင်တို့သည် ငါ၏ တပည့်များဖြစ်ကြောင်း သိကြလိမ့်မည်”(ရှင်ယောဟန် ၁၃း၃၄-၃၅)လို့ မိန့်တော် မူခဲ့ပါတယ်။

(ဂ) ခရစ်တော်ကဲ့သို့ ကျင့်ကြံနေထိုင်ခြင်းအားဖြင့် ဘုရားသခင်ရဲ့ ဘုန်းဂုဏ်တော်ကို ထင်ရှားစေပါတယ်။

    ဘုရားသခင်ရဲ့ မိသားစုဝင်အဖြစ် ပြန်လည်မွေးဖွားလာတဲ့အခါမှာ သင်ဟာ ဝိညာဉ်ရေးမှာ ရင့်ကျက်မှုတွေရှိလာဖို့ ဘုရားက လိုလားပါတယ်။ ဒါဟာ ဘာနဲ့တူပါသလဲ။ ဝိညာဉ်ရေးမှာ ရင့်ကျက်မှုရှိလာတယ်ဆိုတာက ကျွန်တော်တို့ရဲ့ စဉ်းစားမှု၊ ခံစားမှု၊ လုပ်ဆောင်မှုတွေဟာ ယေဇူးခရစ်တော်ကဲ့သို့ ဖြစ်လာခြင်းကို ဆိုလိုတာ ဖြစ်ပါတယ်။ ခရစ်တော်ကဲ့သို့သောစရိုက်ကို သင် ပြုစုပျိုးထောင် နိုင်လာလေလေ၊ သင်ဟာ ဘုရားသခင်ရဲ့ ဘုန်းဂုဏ်တော်ကို ပိုပြီးတော့ ထင်ရှား စေနိုင်လေလေ ဖြစ်ပါတယ်။

    “သို့ဖြစ်၍ ငါတို့အားလုံးသည် မျက်နှာကို ဖုံးအုပ်မထားဘဲ သခင်ဘုရား ၏ ဘုန်းတော်ကို မှန်ကဲ့သို့ ထင်ဟပ်ပြလျက် ကိုယ်တော်၏ ပုံသဏ္ဍာန်အတိုင်း ဘုန်းဂုဏ်တော် တစ်ဆင့်မှတစ်ဆင့်သို့ တိုးတက်ပြောင်းလဲလာကြ၏။ အကြောင်း မူကား ဤပြောင်းလဲခြင်းသည် ဝိညာဉ်တော်တည်းဟူသော သခင်ဘုရားထံ တော်မှ လာသောကြောင့်တည်း” (ဒု- ကော်ရိန့်သု ၃း၁၈)။

    ခရစ်တော်ကို သင် လက်ခံတဲ့အခါ ဘုရားသခင်က သင့်ကို အသစ် သော ဘဝ၊ အသစ်သောသဏ္ဍာန်ကို ပေးပါတယ်။ ဒီကမာ်္ဘမှာ ကျန်ရှိနေသေးတဲ့ သင့်ရဲ့ ဘဝအသက်တာအတွက် သင့်ရဲ့အကျင့်စရိုက်တွေ ပြောင်းလဲတဲ့ ဖြစ်စဉ် တွေ ဆက်လက် ရှိနေစေဖို့ ဘုရားက လိုလားပါတယ်။
    “ဘုရားသခင်၏ ဘုန်းဂုဏ်တော်နှင့် ချီးမွမ်းထောမနာ တိုးပွားစေရန် အတွက် သင်တို့သည် ယေဇူးခရစ်တော်အားဖြင့် ရရှိသော ဖြောင့်မတ်ခြင်း အသီးအပွင့်များနှင့် ပြည့်စုံကြလိမ့်မည်” (ဖိလိပိ ၁း၁၁)။
    “သင်တို့သည် များစွာသော အသီးတို့ကို သီး၍ ငါ၏တပည့်များ ဖြစ် ကြောင်း သက်သေပြခြင်းအားဖြင့် ငါ၏ခမည်းတော်၏ ဘုန်းဂုဏ်တော်သည် ထင်ရှားလေ၏” (ရှင်ယောဟန် ၁၅း၈)။

(ဃ) ကျွန်တော်တို့ ရရှိထားတဲ့ ကျေးဇူးတော်တွေနဲ့ အခြားသူတွေကို အစေခံ ခြင်းအားဖြင့် ဘုရားသခင်ရဲ့ ဘုန်းဂုဏ်တော်ကို ထင်ရှားစေပါ တယ်။

    ကျွန်တော်တို့ အယောက်စီတိုင်းကို ဘုရားသခင်က ပါရမီတွေ၊ ဆုကျေး ဇူးတွေ၊ ကျွမ်းကျွင်မှုတွေ၊ စွမ်းဆောင်ရည်တွေနဲ့ တစ်သီးတစ်ခြား ထူးခြားစွာ ပုံသွင်းဖန်ဆင်းထားတာ ဖြစ်တယ်။  သင် ဖြစ်နေတဲ့အတိုင်း ဖြစ်ခြင်းဟာ မတော်တဆ ဖြစ်နေတာ မဟုတ်ပါဘူး။ သင့်မှာ ရှိတဲ့ စွမ်းဆောင်ရည်တွေကို အတ်္တဆန်တဲ့ ရည်ရွယ်ချက်တွေအတွက် ဘုရားက သင့်ကို ပေးအပ်ထားတာ မဟုတ်ပါဘူး။ တစ်ပါးသူတွေ အကျိုးခံစားဖို့ ပေးအပ်ထားတာ ဖြစ်တယ်။ အဲလိုပဲ သင့်ရဲ့ကောင်းကျိုးအတွက် သူတို့ရဲ့ စွမ်းဆောင်ရည်တွေကို ဘုရားက ပေးအပ် ထားတာ ဖြစ်တယ်။

    “သင်တို့ တစ်ဦးစီသည် ကျေးဇူးတော်ကို ရရှိကြသဖြင့် ဘုရားသခင်၏ ကျေးဇူး၏တော်အမျိုးမျိုးကို စောင့်ရှောက်ထိန်းသိမ်းရသည့် ကောင်းသော ဘဏ္ဍာစိုးများကဲ့သို့ ထိုကျေးဇူးတော်ကို တစ်ဦးစီ၏အကျိုးအတွက် အသုံးပြု ကြလေ့ာ။

    မည်သူမဆိုဟောပြောပါက ဘုရားသခင်၏ ဗျာဒိတ်တော်ကို ဖွင့်ဆို သကဲ့သို့ ဟောပြောပါစေ။ အမှုတော်၌ အစေခံသောသူသည်လည်း ဘုရားသခင် ပေးသနားတော်မူသော အားတန်ခိုးဖြင့် အစေခံသူကဲ့သို့ ဖြစ်ပါစေ။ ဤသို့ဖြင့် ဘုရားသခင်သည် ယေဇူးခရစ်တော်အားဖြင့် အရာခပ်သိမ်း၌ ဘုန်းဂုဏ်တော် ထင်ရှားလိမ့်မည်။ ကိုယ်တော်သည် ဘုန်းဂုဏ်တော်နှင့် တန်ခိုးအာနုဘော်တို့ကို ကာလအဆက်ဆက် စိုးပိုင်တော်မူပေ၏”(ပ-ပေတရု ၄း၁၀-၁၁)။
    “ဘုရားသခင်၏ ဘုန်းဂုဏ်တော်နှင့် ငါတို့၏ စိတ်စေတနာကို ထင်ရှားစေရန်အတွက် ငါတို့ ဆောင်ရွက်နေသည်”(ဒု-ကော်ရိန့်သု ၈း၁၉)။

(င) ဘုရားသခင်ရဲ့အကြောင်းကို တစ်ပါးသူတွေကို ပြောကြားခြင်း အားဖြင့် ဘုရားရဲ့ဘုန်းဂုဏ်တော်ကို ထင်ရှားစေပါတယ်။

    ဘုရားသခင်က သူ့ရဲ့ချစ်ခြင်းနဲ့ ရည်ရွယ်ချက်တွေကို လျှို့ဝှက် မထားပါဘူး။ အမှန်တရားကို ကျွန်တော်တို့ သိရှိတဲ့အခါမှာ အဲဒီအမှန်တရားကို တစ်ပါးသူတွေဆီမှာ ပြန်လည်မျှဝေဖို့ ဘုရားက ကျွန်တော်တို့ကို လိုလားပါတယ်။ တစ်ပါးသူတွေဆီမှာ ယေဇူးခရစ်တော်အကြောင်း မိတ်ဆက်ပေးခြင်း၊ သူတို့ရဲ့ ဘဝရည်ရွယ်ချက်တွေကို ရှာတွေ့နိုင်အောင် ကူညီပေးခြင်း၊ ထာဝရအသက် တာအတွက် ပြင်ဆင်ပေးခြင်း၊ စတဲ့အရာတွေကို လုပ်ဆောင်ပေးနိုင်ခြင်းဟာ ကြီးမြတ်တဲ့အခွင့်ထူးတစ်ရပ် ဖြစ်ပါတယ်။

    “ဤသို့ဖြင့် ကျေးဇူးတော် ခံစားရသူ အရေအတွက် ပိုမိုများပြားလာသည် နှင့်အမျှ ကိုယ်တော်၏ဘုန်းဂုဏ်တော်အား ကျေးဇူးတင်ချီးမွမ်းခြင်းမှာလည်း ပိုမို များပြားလာလိမ့်မည်”(ဒု-ကော်ရိန့်သု ၄း၁၅)။

သင် ဘာအတွက် အသက်ရှင်မှာလဲ။

    ကျန်ရှိနေသေးတဲ့ သင့်ဘဝကို ဘုရားသခင်ရဲ့ ဘုန်းဂုဏ်တော်အတွက် အသက်ရှင်မယ်ဆိုရင် သင့်ရဲ့ ဦးစားပေးတဲ့အရာ၊ သင့်ရဲ့အစီအစဉ်တွေ၊ သင့်ရဲ့ ပေါင်းသင်းဆက်ဆံရေးတွေ၊ အခြားသောအရာတွေကို ပြောင်းလဲပစ်ဖို့ လိုအပ်ပါ တယ်။ လွယ်ကူတဲ့နည်းလမ်းထက် ခက်ခဲတဲ့လမ်းကို ရွေးချယ်ခြင်းလို့လည်း အဓိပ်္ပာယ်ဖွင့်ဆိုလို့ရပါတယ်။ ယေဇူးခရစ်တော်တောင်မှ ဒီလိုအရာတွေကို တွန်းလှန် ရုန်းကန်ခဲ့ရတယ်။ ကားစင်တင်သတ်ခံရမယ်ဆိုတာ သူသိတဲ့အချိန်မှာ “ယခု ငါသည် စိတ်သောက ရောက်လျက်ရှိ၏။ ငါမည်သို့ ဆိုရမည်နည်း။ အိုအဖ၊ ဤအချိန်နာရီမှ အကျွန်ုပ်ကို ကယ်တော်မူပါဟူ၍လော၊ မဟုတ်ပေ။ ဤရည်ရွယ် ချက်အတွက် ဤအချိန်နာရီသို့ ငါရောက်လာခဲ့ခြင်း ဖြစ်သည်။ အိုအဖ၊ ကိုယ်တော်၏ နာမတော်အား ဘုန်းတော်ထင်ရှားစေတော်မူပါ” (ရှင်ယောဟန် ၁၂း၂၇-၂၈)လို့ မိန့်တော်မူခဲ့တယ်။

    ယေဇူးခရစ်တော်ဟာ သင့်လိုပဲ လမ်းဆုံးလမ်းခွမှာ ရပ်နေရတဲ့ အချိန် တွေ ရှိခဲ့တယ်။ ဘုရားရဲ့ရည်ရွယ်ချက်ကို ပြည့်စုံစေပြီး သူ့ရဲ့ဘုန်းဂုဏ်တော်ကို ထင်ရှားစေမလား၊ ဒါမှမဟုတ် နောက်ပြန်ဆုတ်ပြီး သက်သောင့်သက်သာဖြစ်တဲ့၊ အတ်္တဗဟိုပြုတဲ့ ဘဝအသက်တာကို ရှင်သန်မလား။ ဒီလို လမ်းဆုံးလမ်းခွမျိုးမှာ ခရစ်တော်လည်း ရပ်နေခဲ့တယ်။ သင့်လည်းပဲ ဒီလို ရွေးချယ်မှုမျိုးကို ကြုံ့တွေ့မှာပါပဲ။ သင့်ရဲ့ပန်းတိုင်၊ သက်သောင့်သက်သာရှိမှု၊ ပျော်ရွှင်မှုတွေ အတွက်ပဲ အသက်ရှင်မလား၊ ဒါမှမဟုတ် ဘုရားသခင် ကတိထားတဲ့ ထာဝရ ဆုလာဘ်တော်ကို သိရှိပြီး ဘုရားသခင်ရဲ့ ဘုန်းဂုဏ်တော်အတွက် သင့်ရဲ့ ကျန်ရှိနေသေးတဲ့ဘဝကို အသက်ရှင်မလား။

    “မိမိအသက်ကို ချစ်သောသူသည် အသက်ကို ဆုံးရှုံးလိမ့်မည်။ ဤ လောက၌ မိမိအသက်ကို မုန်းသောသူသည် ထာဝရအသက်တာအတွက် ထို အသက်ကို ထိန်းသိမ်းစောင့်ရှောက်လိမ့်မည်”(ရှင်ယောဟန် ၁၂း၂၅)။

    ဒီအကြောင်းကိစ်္စကို ဖြေရှင်းဖို့ အချိန်ကျရောက်ပါပြီ။ သင် ဘယ်သူ့ အတွက် အသက်ရှင်မှာလဲ။ သင်ကိုယ်တိုင်အတွက်လား၊ ဒါမှမဟုတ် ဘုရားအတွက်လား၊ သင်ဟာ ဘုရားသခင်အတွက် အသက်ရှင်ဖို့ အားအင်မရှိဘူး ဆိုပြီး တွေဝေနေနိုင်တယ်။ချီတုံချတုံ ဖြစ်နေနိုင်တယ်။မစိုးရိမ်ပါနဲ့။သူ့အတွက် အသက်ရှင်ဖို့ ရွေးချယ်တယ်ဆိုရင် သင် လိုအပ်တဲ့အရာတွေကို ဘုရားသခင်က သင့်ကို ပေးပါလိမ့်မယ်။

    “မိမိ၏ ဘုန်းဂုဏ်တော်နှင့် ကောင်းမြတ်တော်မူခြင်းတို့ကို ဝေမျှခံစားရန် ငါတို့ကို ခေါ်တော်မူသောကိုယ်တော့်ကို သိရှိလာခြင်းကြောင့် ဘုရားသခင်သည် ဘုန်းတန်ခိုးတော်အားဖြင့် အသက်ရှင်ခြင်းနှင့် ဘုရားတရားကြည်ညိုခြင်းတို့နှင့် ဆိုင်သောအရာအားလုံးတို့ကို ငါတို့အား ပေးသနားတော်မူ၏။” (ဒု-ပေတရု ၁း၃)

    အခုချိန်မှာ ဘုရားသခင်က သင့်ကို ဖန်ဆင်းတဲ့ ရည်ရွယ်ချက်ကို ပြည့်စုံစေ ခြင်းဖြင့် သူ့ရဲ့ ဘုန်းဂုဏ်တော်အတွက် အသက်ရှင်ဖို့ သင့်ကို ဘုရားက ဖိတ်ခေါ်နေပါ တယ်။ ဒါဟာ အသက်ရှင်သန်ခြင်းရဲ့အဓိပ်္ပာယ် ဖြစ်တယ်။ ဒါဟာ အသက်ရှင်သန်ဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ်။ အခြားသောအရာ တွေဟာ တည်ရှိနေရုံ သက်သက်ပါပဲ။ မှန်ကန်တဲ့ဘဝအသက်တာဆိုတာ ယေဇူးခရစ်တော်အတွက် သင့် ကိုယ်သင် လုံးဝဆက်ကပ်အပ်နှံခြင်းကနေ စတင်ပေါက်ဖွားလာတာ ဖြစ်တယ်။ သင် ဒီလို လုပ်ခဲ့ပြီးမှန်း မသေချာသေးဘူး ဆိုရင် ဒါကို လက်ခံပြီး ယုံကြည်ဖို့ ဖြစ်တယ်။ “ကိုယ်တော်သည် မိမိကို လက်ခံကြ၍ မိမိ၏ နာမတော်၌ ယုံကြည်ကြသော သူတို့အား ဘုရားသခင်၏ သားသမီး ဖြစ်ရသောအခွင့်ကို ပေးတော်မူ၏” (ရှင်ယော ဟန် ၁း၃) လို့ သမ်္မာကျမ်းစာမှာ ကတိတော်ရှိပါတယ်။  ဘုရားသခင်ရဲ့ ကမ်းလှမ်းချက်ကို သင် လက်ခံမလား။

    ပထမဆုံးအနေနဲ့၊ ယုံကြည်ပါ။ ဘုရားသခင်က သူရဲ့ ရည်ရွယ်ချက် အတွက် သင့်ကို ဖန်ဆင်းခဲ့တယ်။ သင့်ကို ဘုရားသခင်က ချစ်တယ်ဆိုတာကို ယုံကြည်ပါ။ သင့်ဟာ မတော်တဆ ဖြစ်လာတဲ့သူ မဟုတ်ဘူးဆိုတာ ယုံကြည်ပါ။ ထာဝရအသက်ကို ပိုင်ဆိုင်ရဖို့ သင့်ကို ဘုရားက ဖန်ဆင်းထားတယ်ဆိုတာကို ယုံကြည်ပါ။ လက်ဝါး ကပ်တိုင်ပေါ်မှာ အသေခံပေးဆပ်ခြင်းဖြင့် သင့်ကို ရွေးချယ်ကယ်နှုတ်ခဲ့တယ်ဆိုတာ ကို ယုံကြည်ပါ။ သင် ဘာတွေ ပြုမူခဲ့တယ်ဆိုတာ အရေးမကြီးပါဘူး။ ဘုရားသခင်က သင့်ကို ခွင့်လွှတ်ပေးနေတယ်ဆိုတာကို ယုံကြည်ပါ။

    ဒုတိယအနေနဲ့ လက်ခံပါ။ သင့်ရဲ့ဘဝမှာ ခရစ်တော်ကို သင့်ရဲ့သခင်၊ သင့် ရဲ့ ကယ်တင်ရှင်အဖြစ် လက်ခံပါ။ သင့်ရဲ့အဖြစ်အတွက် သူ့ရဲ့ခွင့်လွှတ်ခြင်းကို လက်ခံပါ။ သင့်ဘ၀ ရည်ရွယ်ချက်ပြည့်စုံဖို့ ခွန်အားတန်ခိုးတွေကိုပေးမယ့် သူ့ရဲ့ ဝိညာဉ်တော်ကို လက်ခံပါ။ “သားတော်၌ ယုံကြည်သောသူသည် ထာဝရ အသက်ကို ရ၏။ သားတော်ကို မယုံကြည်သောသူသည်မူကား ထာဝရအသက်ကို မြင်ရ လိမ့်မည်မဟုတ်”(ရှင်ယော ဟန် ၃း၃၆)။ ဒီစာကို သင် ဘယ်နေရာမှာပဲ ဖတ်နေ ဖတ်နေ၊ ဦးညွှတ်ပြီး သင့်ကို ထာဝရ ပြောင်းလဲစေမယ့် ဒီဆုတောင်း မေတ်္တာကို ရွတ် ဆိုဖို့ သင့်ကို ဖိတ်ခေါ်ပါတယ်။ “ယေဇူး ခရစ်တော်၊ ကိုယ်တော်ကို ကျွနု်ပ် ယုံကြည်ပါ၏။ ကိုယ်တော်ကို ကျွန်ုပ် လက်ခံပါ၏” ဆိုပြီး တိတ်တဆိတ် တီးတိုးရွတ်ဆိုပါ။ အဲဒီနောက် ဒီစာကို ဆက်ဖတ်ပါ။

    ဒီမေတ်္တာကို စိတ်ပါပါနဲ့ ရိုးရိုးသားသား ရွတ်ဆိုနိုင်ခဲ့တယ်ဆိုရင် သင့်အ တွက် ဂုဏ်ယူပါတယ်။ ဘုရားသခင်ရဲ့ မိသားစုထဲမှာ သင့်ဟာ ကြိုဆိုခြင်းခံရပါ တယ်။ သင့်ဘဝအတွက် ဘုရားရဲ့ရည်ရွယ်ချက်ကို တွေ့ရှိဖို့နဲ့ စတင်အကောင် အထည်ဖော်ဖို့ သင်ဟာ အဆင်သင့် ဖြစ်နေပါပြီ။ ဒီလို သင့်ရဲ့အဆင်သင့် ဖြစ်နေမှုကို အခြားသူတွေဆီမှာ ပြောပြဖို့ သင့်ကို တိုက်တွန်းအားပေးပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အခြားသူတွေရဲ့ အထောက်အပံ့၊ အကူအညီတွေ ရယူနိုင်တဲ့ အခွင့်အလမ်း ရှိလာမှာ ဖြစ်ပြီး ဒါဟာ သင့်အတွက် အကျိုးရှိပါ တယ်။

Note: "Where am I here for on earth" by Rick Warren" ကို ဘာသာပြန်ဆိုထားပါသည်။


တောင်ကတုံး(နှင်းပွင့်)






2020-01-24 22:06:16
ဆောင်းပါး
Untitled Document copyright © www.kalaycatholicdiocese.com, All rights reserved.