Untitled Document
Untitled Document

ဘုရားရှင်ကို ရှာဖွေခြင်း

ဘုရားရှင်ကို ရှာဖွေခြင်း
   
    ဘုရားရှင်ကို ယုံကြည်သက်ဝင်ကြတဲ့ ခရစ်ယာန်တိုင်းဟာ ဘုရားရှင်ကို ယုံကြည်နေရုံမျှနဲ့ ကျေနပ်ရောင့်ရဲဖို့ မဟုတ်၊နေ့စဉ် အသက်တာမှာလည်း ဘုရားရှင်ကို တွေ့မြင်နိုင်အောင် ရှာဖွေကြ ရမယ့် ဘုရားသားသမီးတွေလည်း ဖြစ်ပါတယ်။ သမ်္မာကျမ်းစာမှာ တော့ ဘုရားရှင်ဟာ ဝှက်ကွယ်သောဘုရား (ဟေရှာယ ၄၅း၁၅) လို့ဖော်ပြထားပါတယ်။
   
    ဘုရားရှင်ဟာ အမှန်စင်စစ် ဝှက်ကွယ်နေတဲ့ ဘုရား လား။ တကယ်တော့ ဘုရားရှင်က ဝှက်ကွယ်မဟုတ်ဘဲနဲ့ ကျွနု်ပ်တို့ရဲ့ အပြစ် တရားတွေကြောင့် ကျွနု်ပ်တို့ဟာ မျက်ကန်းလိုဖြစ်လာပြီး ဘုရားရှင်ကို ရှာဖွေမတွေ့ရှိနိုင်တဲ့ အဖြစ်အခြေအနေကို ရောက် ရှိတာ ဖြစ်ပါတယ်။
   
    တကယ်တော့ ဘုရားရှင်က ကျွနု်ပ်တို့ အားလုံးရဲ့ ရှာဖွေတွေ့ရှိမှုကို လိုလားတမ်းတနေတဲ့ ဘုရားရှင်ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘုရားရှင်က ကျွနု်ပ်တို့အားလုံးကို ချစ် မေတ်္တာတရားထားရှိပြီး ကယ်တင်ခြင်း ဆုကျေးဇူးကိုပေးအပ်ဖို့ အလိုတော်ရှိပါတယ်။ ကျွနု်ပ်တို့အား တစ်နေ့ဘုရားရှင်နှင့်အတူ သုခချမ်းသာစံစားဖို့ အလိုတော်ရှိပါတယ်။
   
    ဒါကြောင့်မို့ ကျွနု်ပ်တို့ရဲ့ အသက်တာမှာ ဘုရားရှင် ကို ရှာဖွေတွေ့ရှိနိုင်ဖို့ အပြစ်ကင်းစင်သူတွေ ဖြစ်နိုင်ဖို့ အချိန်နဲ့ အမျှ ကြိုးစားရှင်သန်ကြရမှာ ဖြစ်တယ်။ ဘုရားရှင်က ဘယ် မှာလဲ၊ ဝေးဝေးရှာစရာ မလိုပါဘူး။ ကျွနု်ပ်တို့အားလုံးရဲ့ နက် ရှိုင်းတဲ့ ကိုယ်စီနှလုံးသားထဲမှာ ရှာဖွေတွေ့ရှိနိုင်ပါတယ်။ ဘုရား ရှင် ကတော့ဖြင့် စစ်မှန်တဲ့ ပျော်ရွှင်ခြင်းဟာ သူ၌သာ ရှိတယ်လို့ မိန့်ကြားနေတယ်။ ကြားယောင်မိဖို့ပဲ လိုအပ်ပါတယ်။
   
    ကျွနု်ပ်တို့ရဲ့ အသက်တာမှာ ဘုရားရှင်က အခြားသော လူပုဂ်္ဂိုလ်အားဖြင့်လည်း မိမိကိုယ်ကို ထုတ်ဖော်လျက်ရှိပါတယ်။ သမ်္မာကျမ်းစာမှာ “သင်တို့ အချင်းချင်းချစ်ကြလျှင် လူခပ်သိမ်း တို့သည် ထိုချစ်ခြင်းမေတ်္တာကို ထောက်ရှု၍ သင်တို့သည် ငါ၏ တပည့်များ ဖြစ်ကြောင်း သိကြလိမ့်မည်” (ရှင်ယောဟန် ၁၃း၃၅)လို့ တွေ့ရပါတယ်။ အခြားသော ပုဂ်္ဂိုလ်များဖြစ်တဲ့ မိမိနဲ့ နီးစပ်သော သူများအားဖြင့် ဘုရားရှင်ကို ရှာဖွေတွေ့ရှိ နိုင်ပါတယ်။
   
    အထူးသဖြင့် ကျွနု်ပ်တို့ကို လူ့လောကထဲသို့ ခေါ်ဆောင် မွေးဖွားသန့်စင်ပေးတဲ့  မိဘများအားဖြင့်သော်လည်းကောင်း၊ မိမိကို ချစ်ခြင်းမေတ်္တာ အပြည့်အဝနဲ့ ချစ်မြတ်နိုးကြတဲ့ ညီအစ်ကိုရင်း၊ မောင်နှမသွေးချင်းများအားဖြင့်သော်လည်းကောင်း၊ ကောင်းမြတ် တဲ့ မိတ်ဆွေသင်္ဂဟများအားဖြင့်သော်လည်းကောင်း၊ ဘုရား ရှင်ကို ရှာဖွေတွေ့ ရှိနိုင်ပါတယ်။ သမ်္မာကျမ်းစာထဲမှာ ညီအစ်ကို မုန်းတီးသောသူဟာ လူသတ်သမားဖြစ်တယ် (ရှင် ယောဟန် ပထမစောင် ၃း၁၅) လို့ ဖော်ပြထားပါတယ်။ ဒါကြောင့်မို့ အမုန်းတရားပွားများရာနေရာ ဘုရားရှင်ကို ရှာဖွေ တွေ့ရှိနိုင်မှာမဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ ဘုရားရှင်ဟာ ချစ်ခြင်းမေတ်္တာဖြစ်လို့ပဲ ဖြစ်ပါတယ်။
   
    မိမိနဲ့ နီးစပ်သော ပုဂ်္ဂိုလ်များကို မေတ်္တာတရားထားရှိပြီး မိမိရဲ့ ရှင်သန်ခြင်းကြောင့် ပတ်ဝန်းကျင်လောက ကမ်္ဘာအတွက် အကျိုးအမြတ်ဖြစ်ထွန်းစေသူ၊ အလှဆင်မြန်းသူဖြစ်ဖို့ လိုအပ် ပါတယ်။ ဒါဆိုရင် ဘုရားရှင်ရဲ့ အပြောင်မြောက်ဆုံး ထုတ်ဖော် ခြင်းဖြစ်တဲ့ ခရစ်တော်နဲ့ ပေါင်းစပ်နိုင်ပြီး ဘုရားရှင်ကို နေ့စဉ် အသက်တာမှာ ထိတွေ့ခံစားရှာဖွေ တွေ့ရှိနိုင်မှာ ဖြစ်ပါတယ်။

မီး(ကလေး)


2020-01-24 21:49:53
ဆောင်းပါး
Untitled Document copyright © www.kalaycatholicdiocese.com, All rights reserved.