Untitled Document
Untitled Document

သင့်ရဲ့ ရန်သူက သူကိုယ်တိုင် မသိလိုက်ပါဘဲ သင့်အတွက် ကောင်းမှုတွေ လုပ်ပေးနေတာကို ခွင့်ပြုလိုက်ပါ။

သင့်ရဲ့ ရန်သူက သူကိုယ်တိုင် မသိလိုက်ပါဘဲ သင့်အတွက် ကောင်းမှုတွေ လုပ်ပေးနေတာကို ခွင့်ပြုလိုက်ပါ။


အမေရိကန်လူမျိုးတစ်ဦးဟာ လန်ဒန်မြို့ရှိ စားသောက်ဆိုင်တစ်ခုထဲကို ဝင်သွားပါတယ်။ အထဲကို ဝင်ဝင်ချင်မှာဘဲ၊ ဆိုင်ရဲ့ထောင့်တစ်နေရာမှာ အာဖရိကသားတစ်ဦး ထိုင်နေတာကို သတိထားမိလိုက်ပါတယ်။

သူဟာ ငွေရှင်းကောင်တာကို သွားပြီး သူ့ရဲ့ပိုက်ဆံအိတ်ကို ထုတ်ရင်းနဲပ ဒီလို လူအားလုံးကြားအောင် အော်ပြောလိုက်ပါတယ်။ “စားပွဲထိုးရေ၊ ဒီစားသောက်ဆိုင်ထဲမှာရှိနေတဲ့ လူအားလုံးအတွက် ကျသင့်ငွေတွေအားလုံးကို ငါ စရိတ်ခံ၊ ဒါကာလုပ်မယ်။ ဒါပေမယ့်  ဟိုမှာ ထိုင်နေတဲ့ငမည်းကောင်၊ အာဖရိကသားတော့ မပါဘူးနော်”

ဒါနဲ့ စားပွဲထိုးလည်း အဲဒီလူဆီက ကျသင့်ငွေကို ယူပြီးတော့ အဲဒီအာဖရိကသားကလွဲပြီး အားလုံးအတွက် အစားအသောက်တွေ တည်းခင်းကျွေးမွေးပါတော့တယ်။

ဒါပေမယ့် အဲဒီအာဖရိကသားဟာ စိတ်ပျက်အားငယ်နေမယ့်အစား အဲဒီအမေရိကသားကို ကြည်ဖြူတဲ့မျက်နဲ့ ရိုးရိုးလေး လှမ်းကြည့်ပြီး “ကျေးဇူးတင်ပါတယ်”လို့ လှမ်းပြောလိုက်ပါတယ်။

ဒီလို အာဖရိကသားရဲ့ တုံ့ပြန်ချက်ဟာ အဲဒီအမေရိကသားကို စိတ်ဆိုးဒေါသထွက်စေပါတယ်။ ဒါကြောင့် အမေရိကသားက နောက်တစ်ကြိမ် သူ့ရဲ့ပိုက်ဆံအိတ်ကို ထုတ်ပြီး ဒီလိုပြန်ပြီး အော်ပြောပါတယ်။ “စားပွဲထိုး..ရေ။ ဒီဘားမှာ ရှိတဲ့ လူအားလုံးအတွက် အစားအစာတွေ ထပ်မှာ ပါတယ်။ ဝိုင်းပုလင်းတွေကိုလည်း ချပေးပါ။ အဲဒီထောင့်မှာ ထိုင်နေတဲ့ အာဖရိကသားကလွဲလို့ ဒီဘားမှရှိတဲ့ လူအားလုံးကို တာဝန်ယူ ရှင်းပေးပါ့မယ်။”

ဒါနဲ့ စားပွဲထိုးကလည်း အဲဒီလူဆီကနေ ကျသင့်ငွေတွေ ယူပြီးတော့ အာဖရိကသားကလွဲလို့ ဘားမှာရှိကြတဲ့ လူအားလုံးကို အစားအစာတွေ၊ ဝိုင်အရက်တွေကို တည်းခင်းပေးပါတယ်။

စားပွဲထိုးက အစားအသောက်တွေ တည်းခင်းပြီးတဲ့အခါ ဒီလောက်ထိ သူ့ကို စော်ကားအထင်သေးတာတောင် အာဖရိကသားက စိတ်ဆိုးတဲ့ပုံလည်း မပေါ်ပါဘူး။ အဲဒီ အမေရိကသားကို ရိရိလေး ပြုံးပြပြီး “ကျေးဇူးတင်းပါတယ်”လို့  လှမ်းပြောလိုက်ပါတယ်။

ဒီလို သူ့ရဲ့တုံ့ပြန်ချက်ဟာ အဲဒီအမေရိကသားကို အရမ်းစိတ်ဆိုးစေပါတယ်။ ဒါနဲ့ အဲဒီအမေရိကသားဟာ ငွေရှင်းကောင်တာဘက်ကို လှည့်ပြီး စားပွဲထိုးကို မေးလိုက်ပါတယ်။ “အဲဒီအာဖရိကသားက ဘာဖြစ်နေတာလဲ။ သူက လွဲလို့ ဒီဘားမှာ ရှိတဲ့ လူတွေကို အစားအစာတွေ၊ အဖျော်ယမကာတွေ၊ ငါ ဝယ်ကျွေးတာကိုတောင် သူ စိတ်မဆိုးဘူး။ ဟန်မလုပ်ဘူး။ ဟိုမှာ ထိုင်ပြီး ငါ့ကို ပြုံးပြနေသေးတယ်။ ကျေးဇူးတင်တယ်လို့တောင် ပြောလိုက်သေးတယ်။ ဒီကောင် ရူးများရူနေသလား။”

“မဟုတ်ပါဘူး။ သူ ရူးနေတာ မဟုတ်ပါဘူး။ သူက ဒီစားသောက်ဆိုင်ရဲ့ ပိုင်ရှင် ဖြစ်ပါတယ်”လို့ စားပွဲထိုးက အမေရိကသားကို ပြုံးပြီး ပြောလိုက်ပါတယ်။

-    သင့်ရဲ့ ရန်သူက သူကိုယ်တိုင် မသိလိုက်ပါဘဲ သင့်အတွက် ကောင်းမှုတွေ လုပ်ပေးနေတာကို ခွင့်ပြုလိုက်ပါ။
-    စိတ်ဆိုးခြင်းကို ဝေးဝေးရှောင်ပါ။ စိတ်ဆိုးခြင်းက သင့်ကိုပဲ ထိခိုက်နာကျင်စေပါတယ်။
-    သင်ဘက်က မှန်နေတယ်ဆိုရင် စိတ်ဆိုးနေစရာ မလိုပါဘူး။
-    သင်ဘက်က မှားတယ်ဆိုရင်လည်း စိတ်ဆိုးနေဖို့မှ မဟုတ်တာ။
-    မိသားစုကို သည်းခံစိတ်ရှည်တာဟာ ချစ်ခြင်းမေတ္တာ ဖြစ်တယ်။
-    သူတစ်ပါးကို သည်းခံစိတ်ရှည်တာဟာ လေးစားခြင်းဖြစ်တယ်။
-    မိမိကိုယ်ကို သည်းခံစိတ်ရှည်တာဟာ စိတ်ချယုံကြည်ခြင်း ဖြစ်တယ်။
-    ဘုရားကို သည်းခံစိတ်ရှည်တာဟာ ဘာသာရေး ကိုင်းရှိုင်းခြင်း ဖြစ်တယ်။
-    အတိတ်က နာကြည်းမှုတွေကို ဘယ်တော့မှ ပြန်ပြီး တွေးတော မနေပါနဲ့။ သင့်ကို ဝမ်းနည်းမျက်ရည်တွေနဲ့ ဆို့နင့်စေလို့ပါ။
-    အနာဂတ်နဲ့ပတ်သက်ပြီး အတွေးတွေ မလွန်းစေနဲ့။ သင့်ကို ကြောက်ရွံ့တွန့်ဆုတ်စေလို့ပါ။
-    ယခု ပစ္စုပ္ပန်ကို အပြုံးနဲပဆင်မြန်းပြီး အသက်ရှင်ပါ။ သင့်ကို ဝမ်းမြောက်ပျော်ရွှင် စေပါလိမ့်မယ်။
-    ကျွန်တော်တို့ဘဝမှာ စုံးစမ်းမှုတိုင်းဟာ ကျွန်တော်တို့ကို ပိုပြီး ခါးတီးမှုတွေ ပေးနိုင်သလို၊ ပိုပြီး ကောင်းမွန်တဲ့ ကျေးဇူးတရားတွေကိုလည်း ယူဆောင်ပေးနိုင်ပါတယ်။
-    ပြဿနာတိုင်းဟာ ကျွန်တော်တို့ကို ပြည့်ဝစုံလင်သူ ဖြစ်စေနိုင်သလို ယိုယွင်းပျက်စီးသွားသူလည်း ဖြစ်စေနိုင်ပါတယ်။
-    သားကောင်း ဖြစ်မလား၊ ဒါမှမဟုတ် အောင်နိုင်သူ ဖြစ်မလားဆိုတာဟာ ကျွန်တော်တို့ရဲ့ ရွေးချယ်မှုပဲ ဖြစ်ပါတယ်။
-    လိုချင်တပ်မက်စရာကောင်းတဲ့အရာတိုင်းဟာ အမြဲတမ်းတော့ မကောင်းကြပါဘူး။ ဒါပေမယ့် ကောင်းတဲ့အရာတွေဟာ အမြဲတမ်း မြတ်နိုးတပ်မက်စရာ ကောင်းပါတယ်။
-    ကျွန်တော်တို့ရဲ့ လက်ချောင်းတွေကြားမှာ ချိုင်းကလေးတွေကို ဘုရားက ဘာ့ကြောင့် ဖန်ဆင်းခဲတယ်ဆိုတာကို သင် သိပါသလား။
    သင့်အတွက် အရေးကြီး သူတစ်ဦးက သင့်ရဲ့လက်ကို ဆုပ်ကိုင်ပေးပြီး အဲဒီချိုင့်ကလေးတွေကို ဖြည့်ပေးမှာ မို့လို့ ဖြစ်ပါတယ်။
-    ပျော်ရွှင်ခြင်းက သင့်ကို ရွှင်လန်းတက်ကြွစေတယ်။ ဒါပေမယ့် ရွှင်လန်းတက်ကြွနေခြင်းက ပျော်ရွှင်ခြင်းတွေကို သယ်ဆောင်လာပေးတယ်ဆိုတာကို မမေ့ပါနဲ့။

တောင်ကတုံး(နှင်းပွင့်)


2020-01-24 21:54:56
ဆောင်းပါး
Untitled Document copyright © www.kalaycatholicdiocese.com, All rights reserved.