Untitled Document
Untitled Document


ခရစ်ယာန်နှင့် ခရစ်ယာန်စစ်



ခရစ်ယာန်နှင့် ခရစ်ယာန်စစ်

ကမ်္ဘာလောကကြီးမှာ ခရစ်တော်ဘုရားကို ယုံကြည် သူ ခရစ်တော်ရဲ့နောက်လိုက်သူတွေကို ခရစ်ယာန်များ ဖြစ်တယ်လို့ သတ်မှတ်ထားကြတယ်။ ယုံကြည်သူတွေ ကိုယ်တိုင်ကလည်း ခရစ်ယာန်တွေဆိုပြီး ကြွေးကြော်ကြ တယ်။ ကျွနု်ပ်တို့ အားလုံးလည်း ခရစ်တော်ကို ယုံကြည် ကြတဲ့အတွက် ခရစ်ယာန်များ ဖြစ်ကြပါတယ်။

ခရစ်ယာန်များ ဖြစ်ကြတဲ့အတွက် ခရစ်တော်ဘုရား ရှင် ပေးအပ်တဲ့ ကယ်တင်ခြင်း ကျေးဇူးတော်ကို ပိုင်ဆိုင် ရှင်သန်နိုင်ဖို့ တစ်နည်းအားဖြင့် ထာဝရသုခချမ်းသာရရှိဖို့ လုံလောက်နေပြီလားဆိုတဲ့ အချက်ကလေးကို အနည်းငယ် ထောက်ရှုစေအပ်ပါတယ်။ ခရစ်ယာန်ဖြစ်ရုံနဲ့ ယုံကြည်သူ ဖြစ်ပါတယ်လို့ ကြွေးကြော်ရုံနဲ့သာ ကယ်တင်ခြင်း ထာ၀ ရ သုခချမ်းသာ ပိုင်ဆိုင်မယ်ဆိုရင် ဘယ်လောက်တောင် လွယ်ကူသလဲ။

 ကဲ.. နေချင်သလိုနေတော့ ခရစ်တော်ဘုရားရှင်က သင့်ကို ကယ်တင်ပြီးပြီ၊ ပျော်ပါးသောက်စား မူးရူးပြီး သာနေလိုက်တော့။ သင်ဟာ ယုံကြည်သူတစ်ဦးပဲ ဆိုလို့ ပြီးပြည့်စုံပါ့မလား။ ကျမ်းစာတော်မြတ်က လူတွေဟာ စားသောက်ကြ၊ ထိမ်းမြားပေးစားကြ၊ ပျော်ပါးကြလျက် နေကြတာ နောဧလက်ထက်ကို သတိရပါ ( ရှင်မာတေးဦး ၂၄း၃၇-၃၈)လို့ သတိပြုစေပါတယ်။
ဒါကြောင့်မို့ ခရစ်ယာန် ဖြစ်ရုံနဲ့တော့ ဒူးနပ်ပြီး ပျော်ပါးနေလို့မရဘူး။ ခရစ်ယာန်စင်စစ်ဖြစ်ဖို့ ရှင်သန် ကြိုးစားရမှာဖြစ်တယ်။ ရဟန်းမင်းကြီးဖရန်စစ် အရှင်သူ မြတ်က အချိန်ပြည့်ခရစ်ယာန်များဖြစ်ကြပါ။ တနင်္ဂနွေ ခရစ်ယာန်၊ ခရစ်္စမတ်ခရစ်ယာန်၊ ပါစကားခရစ်ယာန်များ မဖြစ်ကြပါနဲ့လို့ ဆုံးမထားတာကို သတိရပါ။

တနင်္ဂနွေနေ့မှာတောင်မှ အချို့ခရစ်ယာန်တွေက နေ့ တစ်ပိုင်း တနင်္ဂနွေခရစ်ယာန်တွေ လုပ်နေကြသေးတယ်။ ကျွနု်ပ်တို့ဟာ အချိန်ပြည့် ခရစ်ယာန်တွေဖြစ်မှ ခရစ်ယာန် စင်စစ်တွေ ဖြစ်လာကြမယ်။ ခရစ်ယာန်ဘဝက ပန်းခင်း လမ်းထက် ဆူးခင်းလမ်းကို ရွေးချယ်လျှောက်လှမ်း သူတွေပဲ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့်တော့ ခရစ် ယာန်ဘဝဟာ ဆက်ကပ်အပ်နှံတဲ့ အသက်တာပဲ ဖြစ်ပါ တယ်။ဘာကြောင့်လဲဆိုတော့ ခရစ်တော် ဘုရားရှင်ကိုယ် တော်တိုင် လျှောက်လှမ်းခဲ့တဲ့လမ်းစဉ် ဖြစ်ပါတယ်။ ခရစ်တော်ဘုရားရှင် လျှောက်လှမ်းပြတဲ့ လမ်းစဉ်ကတော့ အနာခံမှ အသာစံရမယ်ဆိုတဲ့ လမ်းစဉ်အသွင်ပဲ ဖြစ်ပါ တယ်။ ယုံကြည်သူတွေ လျှောက်လှမ်း ရှင်သန်အပ်တဲ့ လမ်းစဉ်လည်း ဖြစ်ပါတယ်။

စိမ်း(ကလေး)


2020-01-24 21:37:20
ဆောင်းပါး
Untitled Document copyright © www.kalaycatholicdiocese.com, All rights reserved.