Untitled Document
Untitled Document

ကက်သလစ်အသင်းတော်ကပဲ နတ်ဆိုးကို နင်ချေဖျက်ဆီးနိုင်တယ်။

ကက်သလစ်အသင်းတော်ကပဲ နတ်ဆိုးကို နင်ချေဖျက်ဆီးနိုင်တယ်။

    မကောင်းဆိုးဝါးနဲ့ပတ်သက်ပြီး ဒုက္ခအကြီးအကျယ်ရောက်နေကြတဲ့သူတိုင်းဟာ ကက်သလစ်ရဟန်းတွေဆီ သွားလေ့ရှိကြပါတယ်။ မကောင်းဆိုးဝါးနှင်ထုတ်တဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပရိုတက်စတန့်ဘာသာဝင်တွေက နတ်ဆိုးနှင်ထုတ်တာတွေ မတွေ့ဖူးသလောက်ပါပဲ။

    ကက်သလစ်အသင်းတော်ဟာ စစ်ပွဲတွေထဲမှာ ကြောက်မက်ဖွယ် အကောင်းဆုံး စစ်ပွဲဖြစ်တဲ့ ဝိညာဉ်ရေးတိုက်ပွဲမှာ ကျွမ်းကျင်တယ်။ တိုက်ရည်ခိုက်ရည် ရှိတယ်။ ဘာဖြစ်လို့လဲ သိပါသလား။ အောက်ပါ အကြောင်းအရင်းတွေကြောင့်ပဲ ဖြစ်ပါတယ်။

၁။ အသင်းတော်နဲ့အတူ သခင်ယေဇူးဟာ အတူရှိနေလို့ပဲ ဖြစ်တယ်။ သူဟာ မကောင်းဆိုးဝါးနှင်ခြင်း၊ အစွဲချွတ်ခြင်းကို အကြိမ်ရည်မနည်း လုပ်ဆောင်ခဲ့ကြောင်း ဧဝံဂေလိကျမ်းထဲမှာ တွေ့ရပါတယ်။ အဲဒီ သူ့ရဲ့အမှုတော်ဆောင်လုပ်ငန်းကို သူ့ရဲ့အသင်းတော်က ဆက်လက် လုပ်ဆောင်နေတာ ဖြစ်တယ်။

၂။ အသင်းတော်ဟာ ဒီအမှုတော်ဆောင်လုပ်ငန်းနဲ့ပက်သက်ပြီး နှစ်ပေါင်း ၂၀၀၀ ကျော် အတွေ့အကြုံရှိပါတယ်။


၃။ အသင်းတော်မှာ ဒီအလုပ်ကို လုပ်ဖို့ သန့်ရှင်းသောဝိညာဉ်တော်က ပေးထားတဲ့ သဘာဝထက်လွန်ကဲတဲ့ စွမ်းပကာတွေ ရှိပါတယ်။

၄။ နတ်ဆိုးဟာ သူ့ရဲ့ရန်သူဖြစ်တဲ့၊ သန့်ရှင်းဆုံးသော၊ အပြည့်စုံဆုံးသော အသင်းတော်ကို တိုက်ခိုက်ရာမှာ အင်မတန် ထူးချွန်ပြောင်မြောက်ပါတယ်။

၅။ ယနေ့ခေတ်မှာ လူတွေဟာ နတ်ဆိုး တကယ်ရှိပါတယ်ဆိုတာကို မယုံကြတော့ဘူး။ ဘယ်လိုတိုက်ပွဲမျိုးမှာ မဆို သင့်ရဲ့ရန်သူက သူ့ကိုယ်သူ ကိုယ်ယောင်မပြဘူး၊ သူ့ကို မသိမြင်ရဘူးဆိုရင် သူဟာ အနိုင်ယူအသားစီးရဖို့ ၁၀ ဆ ပိုများပါတယ်။

၆။ သဘာဝစစ်လက်နက်တွေဟာ သဘာဝထက်လွန်ကဲတဲ့ ရန်သူကို တိုက်ခိုက်ဖို့ မလုံလောက်ဘူး။

၇။ ကျွန်တော်တို့ရဲ့ မိခင်၊ မယ်တော်သခင်မဆီမှာ အဏုမြူစစ်လက်နက်တွေ ရှိပါတယ်။ သူမဟာ သူမချစ်ခင်ရတဲ့ သားသမီးတွေကို သိမ့်မွေ့စွာ ကာကွယ်စောင့်ရှောက်ထားပါတယ်။  နတ်ဆိုးရဲ့လိုက်လံဖျက်ဆီးခြင်းတွေက သူမရဲ့ကာကွယ်ခုခံခြင်းကို မအောင်နိုင်ပါဘူး။

၈။ အထူးသဖြင့် ဒီကနေ့ ခေတ်ရေစီးကြောင်းမှာ နတ်ဆိုးဟာ မိန်းမနဲ့ သူမရဲ့ကလေးသူငယ်တွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်နေပါတယ်။

၉။ နတ်ဆိုးဟာ မိန်းမတစ်ဦးရဲ့ နင်းချေဖျက်ဆီးခြင်းကြောင့် လုံးဝ မကျေမနပ်ဖြစ်ပြီး ခံပြင်းဒေါသထွက်နေပါတယ်။ အဲဒီမိန်းမဟာ အင်မတန်မှ မိန်းမပီသသူ၊ သန့်ရှင်းစင်ကြယ်သူ၊ နှိမ့်ချခြင်းရှိသူ ဖြစ်တယ်။ ဒါ့ကြောင့် နတ်ဆိုးလို စိတ်ဆိုးမာန်ဆိုးနဲ့ ကလဲ့စားချေပြီး စစ်ခင်းနေမယ့်အစား အဲဒီမိန်းမအတွက် ဝမ်းမြောက်လိုက်ပါ။ သိပ်မကြာသေးခင်က သမိုင်းစာမျက်နှာမှာ (ဂွာတာလုပ်မှသည် ဖာတီမာထိတိုင်)
 မယ်တော်မာရိယာ ပြုလုပ်ခဲ့တဲ့အရာတွေကို ကြည့်လိုက်ပါ။ (အဲဒီအကြောင်းအရာတွေကို မကြားဖူးဘူးလား။ ဂိုးဂလ် ရှာကြည့်လိုက်ပါ။)


မှတ်ချက်။ ။ “Peter Kreeft_Forty Reasons I am Catholic” မှ ကောက်နှုတ်ပြန်ဆိုသည်။

တောင်ပေါ်သား(ပေါလ်လေး)


2020-01-24 20:52:44
ဆောင်းပါး
Untitled Document copyright © www.kalaycatholicdiocese.com, All rights reserved.