Untitled Document
Untitled Document


ပျော်ရွှင်မှုနဲပတ်သက်တဲ့ ပုပ်ဖရန့်စစ်ရဲ့ မှတ်သားဖွယ်စကား


ပျော်ရွှင်မှုနဲပတ်သက်တဲ့ ပုပ်ဖရန့်စစ်ရဲ့ မှတ်သားဖွယ်စကား

-    သင့်ဆီမှာ အပြစ်အနာအဆာတွေ၊ စိုးရိမ်ကြောင့်ကြမှုတွေ၊ အမျက်ဒေါသတွေ ရှိနေနိုင်တယ်။ ဒါပေမယ့် သင့်ဘဝဟာ ကမာ်္ဘပေါ်မှာ အကြီးမားဆုံးသော စွမ်းအင်ကြီးတစ်ခု ဖြစ်တယ်။ ယိမ်းယိုင်ပျက်စီးခြင်းကနေ သင် တစ်ဦးတည်းကသာ ကာကွယ်ထိန်းသိမ်းနိုင်ပါတယ်။ လူအများဟာ သင့်ကို ချစ်ခင်ကြပါတယ်။ သင့်ကို လေးစားဂုဏ်ယူကြပါတယ်။


-    ပျော်ရွှင်မှုဆိုတာ မုန်တိုင်းမရှိတဲ့ကောင်းကင်၊ မတော်တဆ ထိခိုက်မှုမရှိတဲ့ လမ်းမကြီးတစ်ခု၊ မောပန်းနွမ်းနယ်မှုမရှိတဲ့ အလုပ်တစ်ခု၊ စိတ်ဓာတ်ကျမှုတွေ မရှိတဲ့ ပေါင်းသင်းဆက်ဆံရေးတွေကို ဆိုလိုတာ မဟုတ်ပါဘူး။ ပျော်ရွှင်မှုဆိုတာ ခွင့်လွှတ်ခြင်းမှာ ခွန်အားတွေ ရှာတွေ့တာ၊ အခက်အခဲတွေနဲ့ ရင်ဆိုင်ရချိန်မှာ မျှော်လင့်ခြင်းတွေ ထားရှိနိုင်တာ၊ ကြောက်ရွံ့မှုတွေကြားမှာ လုံခြုံမှုတွေ ခံစားနေနိုင်တာ၊ စိတ်ဝမ်းကွဲမှုတွေကြားမှာ မေတ်္တာတရားထားနိုင်တာကို ဆိုလိုတာ ဖြစ်ပါတယ်။

-    ပျော်ရွှင်ဖို့ဆိုတာ ပြုံးရွှင်နေရခြင်းကို ကျေနပ်နေတာရုံပဲ မဟုတ်ဘဲ ဝမ်းနည်းခြင်းတွေကို ပြန်လည်သုံးသပ် ဆင်ခြင်တတ်ခြင်း ဖြစ်တယ်။ အောင်မြင်မှုအတွက် ပွဲကျင်းပနေရုံပဲ မဟုတ်ဘဲ ရှုံးနိမ့်မှုတွေကနေ သင်ခန်းစာတွေ ရယူသိမှတ်တတ်ခြင်း ဖြစ်တယ်။ လက်ခုပ်သံတွေကြားမှာပဲ ပျော်ရွှင်ခြင်းကို ခံစားတတ်ရုံမဟုတ်ဘဲ ကန့်လန့်ကာနောက်ကွယ်၊ တိတ်ဆိတ်မှုတွေ ကြားမှာလည်း ပီတီဖြာကျေနပ်နေနိုင်ခြင်း ဖြစ်တယ်။ ပျော်ရွှင်မှုဆိုတာ ပန်းတိုင် အရောက်လှမ်းနိုင်ခြင်းကိုပဲ ဆိုလိုတာ မဟုတ်ဘဲ အတွင်းစိတ်ထဲမှာ မိမိကိုယ်ကို ရှာတွေ့နိုင်ခြင်းကိုလည်း ဆိုလိုတာ ဖြစ်တယ်။

-    ပျော်ရွှင်မှုဆိုတာ ရာဇဝတ်သားကောင်လို ခံစားနေတာကို ရပ်တန့်လိုက်ပြီး မိမိရဲ့ကံကြမ်္မာကို ဖန်တီးထုဆစ်သူ ဖြစ်လာခြင်းကို ဆိုလိုတာ ဖြစ်တယ်။ သဲကနာ်္တရကို ဖြတ်လျှောက်ရပေမယ့် မိမိတို့ရဲ့ နက်ရှိုင်းတဲ့အတွင်းစိတ်ထဲမှာ အိုအေစစ်ကို ရှာတွေ့နိုင်ခြင်း ဖြစ်တယ်။ အံ့သြစရာကောင်းတဲ့ ဘဝအသက်တာအတွက် မနက်တိုင်းမှာ ဘုရားသခင်ကို ကျေးဇူးတင်ခြင်း ဖြစ်တယ်။

-    ပျော်ရွှင်မှုဆိုတာ မိမိတို့ရဲ့ကိုယ်ပိုင်ခံစားချက်တွေကို မကြောက်မရွံ့ ဖွင့်ဟထုတ်ဖော်ခြင်း၊ မိမိရဲ့အကြောင်းကို ပြောပြနိုင်ခြင်းကို ဆိုလိုတာ ဖြစ်တယ်။ “မဟုတ်ပါဘူး”ဆိုတဲ့ ငြင်းဆိုချက်တွေကို ကြားဝံ့တဲ့သတ်္တိကို ပိုင်ဆိုင်ခြင်းလည်း ဖြစ်တယ်။ မတော်မတရား ဝေဖန်တိုက်ခိုက်မှုတွေကြားမှာ ယုံကြည်ချက် အပြည့်ရှိနေခြင်းလည်း ဖြစ်တယ်။

-    ပျော်ရွှင်မှုဆိုတာ သင့်ရဲ့သားသမီးတွေကို အနမ်းပေးခြင်း၊ သင့်ရဲ့မိဘတွေကို ဂရုတစိုက်ပြုစုခြင်း၊ သူငယ်ချင်းတွေနဲ့ အနာတရတွေ ရှိနေတာတောင် သူတို့နဲ့ ကဗျာဆန်ဆန် အတူတူပျော်ပါးနေနိုင်ခြင်း ဖြစ်တယ်။

-    ပျော်ရွှင်မှုဆိုတာ မိမိကိုယ်မိမိ လွတ်လွတ်လပ်လပ်၊ ပေါ့ပေါ့ပါးပါးနဲ့ ရိုးစင်းစွာ ပျော်ရွှင်ခွင့်ပေးခြင်း ဖြစ်တယ်။ “ငါ အမှားတွေ လုပ်မိပါတယ်”လို့ ပြောနိုင်တဲ့ ရင့်ကျက်မှု ရှိခြင်း ဖြစ်တယ်။“ငါ ဝမ်းနည်းပါတယ်”လို့ ပြောနိုင်တဲ့ သတ်္တိရှိခြင်းလည်း ဖြစ်တယ်။ “မင်းကို ငါ လိုအပ်ပါတယ်”လို့ ပြောနိုင်တဲ့ စိတ်ခံစားချက် ရှိခြင်း ဖြစ်တယ်။ “မင်းကို ငါ ချစ်တယ်”လို့ ပြောနိုင်တဲ့ အရည်အချင်း ရှိခြင်းလည်း ဖြစ်တယ်။

-    သင့်ရဲ့ဘဝဟာ ပျော်ရွှင်မှုရဖို့အတွက် အခွင့်အလမ်းတွေနဲ့ ပြည့်နေတဲ့ ဥယျာဉ်တစ်ခု ဖြစ်ပါစေ။ နွေဦးမှာ ဝမ်းမြောက်ပျော်ရွှင်မှုတွေနဲ့ ပြည့်လျှံနေပါစေ။ ဆောင်းကာလမှာ ပညာပါရမီတွေ ဝေဆာနေပါစေ။ အမှားတစ်ခု ပြုမိခဲ့ရင်လည်း အစကနေ အသစ်တဖန် ပြန်ပြီး လုပ်ဆောင်နိုင်သူ ဖြစ်ပါစေ။

-    သို့မှသာ သင့်ဟာ ဘဝကို ရှင်သန်ရာမှာ ပျော်မွေ့မှာ ဖြစ်တယ်။ ပျော်ရွှင်ဖို့ဆိုတာ ပြည့်စုံတဲ့ ဘဝကို ပိုင်ဆိုင်ဖို့ မဟုတ်ဘူးဆိုတာ သင် သိမြင်လာပါလိမ့်မယ်။ ဒါပေမယ့် သည်းခံခြင်းတွေ စီးဆင်းနေနိုင်ဖို့ မျက်ရည်တွေကို အသုံးပြုလိုက်ပါ။ စိတ်ရှည်ခြင်းကို ကျင့်ဆောက်တည်နိုင်ဖို့ သင့်ရဲ့ဆုံးရှုံးမှုတွေကို အသုံးပြုလိုက်ပါ။ တည်ကြည်ရင့်ကျက်မှုကို ထုဆစ်ပုံဖော်နိုင်ဖို့ နာကျင်မှုတွေကို စတေးလိုက်ပါ။ ဉာဏ်ပညာတံခါးကြီးကို ဖွင့်ယူဖို့ အခက်အခဲတွေကို အသုံးပြုလိုက်ပါ။ ဘယ်တော့မှ အရှုံးမပေးနဲ့။ ဘယ်တော့မှ လက်မမြှောက်နဲ့။ သင့်ကို ချစ်ခင်တဲ့သူတွေကို အဆုံးရှုံးမခံနဲ့။ ပျော်ရွှင်ခြင်းကို လက်လွတ်မခံပါနဲ့။ ဘဝဆိုတာ အံ့သြစရာကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်ပဲ ဖြစ်တယ်။

တောင်ကတုံး(နှင်းပွင့်)


2020-01-24 20:58:49
ဆောင်းပါး
Untitled Document copyright © www.kalaycatholicdiocese.com, All rights reserved.