Untitled Document
Untitled Document

ကျေးဇူးတော်၌ ရှင်သန်ခြင်း

ကျေးဇူးတော်၌ ရှင်သန်ခြင်း

ချမ်းသားတဲ့ သဋ္ဌေးတစ်ယောက်က သူ့အိမ် ပြတင်းပေါက်ကနေ အပြင်ကို လှမ်းကြည့်လိုက်တဲ့အခါ၊ သူ့ရဲ့ အမှိုက်ပုံထဲကို မွှေနှောက်ပြီး တစ်စုံတစ်ခုကို ကောက်ယူနေတဲ့ သူဆင်းရဲတစ်ယောက်ကို တွေ့လိုက်တယ်။
    ဒါနဲ့- ကျွန်တော်၊ သူဆင်းရဲမဟုတ်တဲ့အတွက် ဘုရားကို ကျေးဇူးတင်ပါတယ်လို့ သူ့ကိုယ်သူ ရေရွတ်ပြောဆိုနေမိတယ်။

အဲဒီသူဆင်းရဲက ပတ်ဝန်းကျင်ကို အကဲခတ်ပြီး ဟိုဟိုဒီဒီ ကြည့်လိုက်တဲ့အခါ၊ လမ်းမပေါ်မှာ မတော်မရာတွေ ပြုမူနေတဲ့ အဝတ်ဗလာကိုယ်ဗလာနဲ့ လူတစ်ယောက်ကို တွေ့လိုက်တယ်။
    ဒါနဲ့- ကျွန်တော်၊ သူရူးမဟုတ်တဲအ့တွက် ဘုရားကို ကျေးဇူးတင်ပါတယ်လို့ သူ့ကိုယ်သူ ရေရွတ်ပြောဆိုနေမိတယ်။

အဲဒီသူရူးက သူ့ရဲ့အရှေ့ကို ကြည့်တဲ့အချိန်မှာ လူနာတစ်ဦးကို ဘယ်ဆောင်လာတဲ့ လူနာတင်ယာဉ်တစ်စီးကို တွေ့လိုက်တယ်။
    ဒါနဲ့- ကျွန်တော်၊ လူနာမဟုတ်တဲ့အတွက် ဘုရားကို ကျေးဇူးတင်ပါတယ်လို့ သူ့ကိုယ်သူ ရေရွက်ပြောဆိုနေမိတယ်။

ဆေးရုံမှာရောက်သွားတဲ့ အဲဒီလူနာဟာ ရင်ခွဲရုံကိုပို့ဖို့ လူသေအလောင်းကို သယ်ဆောင်လာတဲ့ လက်တွန်းလှည့်ကို တွေ့လိုက်တယ်။
    ဒါနဲ့- ကျွန်တော့် အသက်မသေဘဲ အသက်ရှင်နေသေးတဲ့အတွက် ဘုရားကို ကျေးဇူးတင်ပါတယ်လို့ သူ့ကိုယ်သူ ရေရွတ်ပြောဆိုနေမိတယ်။

သင် ခံစားရတဲ့ ကျေးဇူးတော်တွေအတွက်၊ အသက်ရှင်သန်ခွင့်ရတဲ့ ဘုရားရဲ့လက်ဆောင်မွန်အတွက်၊ နောင်လာမယ့် ပျော်ရွှင်စရာကောင်းတဲ့ နေ့ရက်တွေအတွက်၊ ဒီကနေ့မှာ ဘာဖြစ်လို့  ဘုရားကို ကျေးဇူးမတင်ဘဲ နေရမှာလဲ။

ဘဝဆိုတာ ဘာလဲ။
    ဘဝအကြောင်းကို ပိုပြီး ကောင်းကောင်းမွန်မွန် နားလည်သဘောပေါက်ချင်တယ်ဆိုရင် ဒီနေရာ (၃)နေရာကို ရောက်ဖြစ်အောင် သွားလိုက်ပါ။
၁။ ဆေးရုံ
၂။ အကျဉ်းထောင်
၃။ သုဿန်

-    ဆေးရုံမှာ ကျန်းမာခြင်းထက် ပိုပြီ လိုချင်စရာကောင်းတဲ့အရာ မရှိဘူးဆိုတာကို သင် နားလည်လာပါလိမ့်မယ်။
-    အကျဉ်းထောင်မှာ လွတ်လပ်ခြင်းဟာ တန်းဖိုးအရှိဆုံးအရာ ဖြစ်တယ်ဆိုတာ သင် တွေ့မြင်ပါလိမ့်မယ်။
-    သုဿန်မှာ ဘဝဆိုတာ အနတ္တသက်သက်ပဲ ဖြစ်တယ်ဆိုတာ သိမြင်လာပါလိမ့်မယ်။ ဒီကနေ့ သင် လမ်းလျှောက်တဲ့အခါ သင့်ရဲ့ခြေနဲ့ နင်းထားတဲ့ မြေကြီးဟာ မနက်ဖြန်ကျရင် သင့်ရဲ့ ခေါင်းမိုးဖြစ်လာပါလိမ့်မယ်။

ကျွန်တော်တို့အားလုံးဟာ လက်ချည်းဗလာနဲ့ ရောက်လာကြတယ်။ လက်ချည်းဗလာနဲ့ပဲ ပြန်သွားကြရမှာ ဖြစ်တယ်။ ဒါ့ကြောင့် နှိမ့်ချတဲ့စိတ်ထားကို မွေးယူကြပါစို့။ အရာအားလုံးအတွက် ကျေးဇူးတရားသိတတ်ပြီး အချိန်တိုင်းမှာ ဘုရားကို ကျေးဇူးတင်ကြပါစို့။
“ ငါသည် အဝတ်မပါဘဲ အမိဝမ်းထဲက ထွက်လာ၏။ အဝတ်မပါဘဲ အမိဝမ်းထဲသို့ ပြန်သွားတော့မည်။ ထာဝရဘုရား ပေးတော်မူ၏။ ထာဝရဘုရားလည်း ရုပ်သိမ်းတော်မူ၏။ ထာဝရဘုရား၏ နာမတော်သည် မင်္ဂလာရှိပါစေသတည်း။” (ယောဘ ၁း၂၁)

တောင်ပေါ်သား(ပေါလ်လေး)


2019-12-17 22:55:02
ဆောင်းပါး
Untitled Document copyright © www.kalaycatholicdiocese.com, All rights reserved.