Untitled Document
Untitled Document

ခရိရှီနာ နှင့်အာရ်ဂျန်၊ သူတို့နှစ်ဦးရဲ့ အပြန်အလှန် စကားပြောခန်း

စိတ်ဖိစီးမှုတွေ၊ စိတ်ရှုပ်ထွေးမှုတွေ ခံစားနေရတယ်ဆိုရင် ဒီစာကို ထပ်ခါထပ်ခါ ပြန်ဖတ်ပါ။ ဒီစာထဲမှာ သင့်အတွက် အဖြေတွေ ရှိနေပါတယ်။ ကြိုးစားကြည့်လိုက်ပါဦး။

ခရိရှီနာ နှင့်အာရ်ဂျန်၊ သူတို့နှစ်ဦးရဲ့ အပြန်အလှန် စကားပြောခန်း

၁။  အာရ်ဂျန် - ကျွန်တော့်မှာ အားလပ်ချိန်ရယ်လို့ မရှိဘူး။ ဘဝဆိုတာကြီးက အမြဲ ရှုပ်ရှပ်ခက်နေရတာပဲ။
   
 ခရိရှီနာ   - အမှုကိစ္စက သင့်ကို အလုပ်ရှုပ်စေတာ ဖြစ်တယ်။ ဒါပေမယ့် အကျိုးဖြစ်မြောက်မှုက သင့်ကို လွတ်လပ်ပေါ့ပါးစေပါတယ်။


၂။ အာရ်ဂျန် - ယနေ့ခေတ်ကြီးထဲမှာ ဘဝဟာ ဘာ့ကြောင့် ရှုပ်ထွေးသထက် ရှုပ်ထွေးလာရတာလဲ။   

    ခရိရှီနာ   -  ဘဝကို စိစစ်နေတာတွေ ရပ်တန့်လိုက်ပါ။ အဲဒီလို စိစစ်နေခြင်းက ဘဝကို ရှုပ်ထွေးစေတာ  ဖြစ်တယ်။ ဘဝကို ရိုးရိုးလေး ရှင်သန်လိုက်ပါ။


၃။ အာရ်ဂျန် - ကျွန်တော်တို့ဟာ ဘာ့ကြောင့် အမြဲတမ်း မပျော်မရွှင် ဖြစ်ကြရတာလဲ။

    ခရိရှီနာ   - စိုးရိမ်ပူပန်နေခြင်းဟာ သင့်ရဲ့ အကျင့်စရိုက် ဖြစ်နေတယ်။ ဒါ့ကြောင့် မပျော်ရွှင်ရတာ ဖြစ်တယ်။


၄။ အာရ်ဂျန် - လူကောင်းတွေဟာ ဘာ့ကြောင့် အမြဲတမ်း ဒုက္ခခံနေရတာလဲ။

    ခရိရှီနာ   - ပွတ်တိုက်မှု မပြုဘဲ စိန်ကို ပြောင်လက်အောင် အရောင်တင်လို့ မရနိုင်ဘူး။ မီးနဲ့အပူတိုက်ခြင်း  မရှိဘဲ ရွှေကို သန့်စင်အောင် ချေးချွတ်လို့ မရဘူး။ လူကောင်းတွေဟာ ဒုက္ခအခက်အခဲတွေကို ဖြတ်ကျော်ကြရတယ်။ ဒါပေမယ့် အဲဒီမှာ မကျဆုံးဘူး။ အဲဒီအတွေ့အကြုံနဲ့ သူတို့ရဲ့ဘဝဟာ ပိုပြီး တောက်ပကောင်းမွန်လာတယ်။ ဒါပေမယ့် သူတို့ဟာ ရန်လိုမုန်းတီးမှုတွေ မထားကြဘူး။

၅။ အာရ်ဂျန် - အဲလို အတွေ့အကြုံတွေက အသုံးဝင်တယ်လို့ ဆိုလိုတာလား။

    ခရိရှီနာ   - ဟုတ်ပါတယ်။ အတွေ့အကြုံဆိုတဲ့အရာဟာ ခက်ထန်တဲ့ ဆရာသမားတစ်ဦးပဲ ဖြစ်တယ်။ အရင်ဦးဆုံး စုံးစမ်းစစ်ဆေးခြင်းကို ပြုတယ်။ နောက်မှ သင်ခန်းစာတွေကို ပေးပါတယ်။

၆။ အာရ်ဂျန် - ပြဿနာသောင်းခြောက်ထောင်နဲ့ ကြုံကြို့က်ရတဲ့အခါ ဘယ်ကို ဦးတည်သွားနေတယ်ဆိုတာတောင် ကျွန်တော်တို့ မသိတော့ဘူး။

    ခရိရှီနာ   - အပြင်ဘက်ကိုပဲ ကြည့်နေမယ်ဆိုရင်တော့ သင် ဘယ်ကို ဦးတည်နေသလဲဆိုတာကို သိခွင့်ရမှာ မဟုတ်ဘူး။ သင့်ရဲ့အတွင်းနှလုံးကိုပဲ ကြည့်ပါ။ မျက်လုံးက အမြင်အာရုံကို ပေးပါတယ်။ နှလုံးသားက လိုက်လျှောက်ရမယ့် လမ်းကို ညွှန်ပြပေးပါတယ်။


၇။ အာရ်ဂျန် - ကျဆုံးမှုက မှန်ကန်တဲ့ ဦးတည်ချက်ကို သွားဖို့ထက် နာကျင်တဲ့ဝေဒနာကို ဖြစ်ပေါ်စေတယ် မဟုတ်လား။

    ခရိရှီနာ   - အောင်မြင်မှုဆိုတာ သူတစ်ပါးက ဆုံးဖြတ်တဲ့ တိုင်းတာမှုပါ။ ကျေနပ်အားရမှုဆိုတာ သင် ဆုံးဖြတ်တဲ့ တိုင်းတာမှု ဖြစ်တယ်။

၈။ အာရ်ဂျန် - ခက်ခဲတဲ့အချိန်တွေမှာ စိတ်ဓာတ်တက်ကြွလန်းဆန်းလာအောင် သင် ဘယ်လို လုပ်ပါသလဲ။

    ခရိရှီနာ   - သင် ဘယ်လောက်ထိ ရှေ့ဆက်ဖို့ ကျန်ရှိနေသေးလဲဆိုတာကို မကြည့်ဘဲ၊ သင် ဘယ်ထိ ရောက်နေပြီးလဲဆိုတာကို  အမြဲကြည့်တတ်ပါ။ သင် ခံစားရတဲ့ ကောင်းကြီးတွေကို အမြဲရေတွက်ပါ။ သင် ဆုံးရှုံးနစ်နာခဲ့ရတဲ့အရာတွေကို မရေတွက်ပါနဲ့။

၉။ အာရ်ဂျန် - လူတွေနဲ့ ပတ်သက်ပြီး သင့်ကို အံ့အားသင့်စေခဲ့တဲ့အရာတွေက ဘာတွေလဲ။

    ခရိရှီနာ   - သူတို့ ဒုက္ခအခက်အခဲကြုံရချိန်မှာ “ဘာ့ကြောင့် ငါကျမှ ဒီလို ဖြစ်ရတာလဲ”လို့ မေးခွန်းထုတ်ကြတယ်။ သူတို့ ကြီးပွားချမ်းသာတဲ့အချိန်ကျတော့ “ဘာ့ကြောင့် ငါကျမှ ဒီလို ဖြစ်ရတာလဲ” လို့ ဘယ်သူကမှ မေးခွန်းမထုတ်ကြဘူး။

၁၀။ အာရ်ဂျန် - ဘဝကို အကောင်းဆုံး ဘယ်လို အသက်ရှင်ရမလဲ။

    ခရိရှီနာ   - ပူဆွေးဝမ်းနည်းခြင်းမရှိဘဲ သင့်ရဲ့အတိတ်ကို ရင်ဆိုင်လိုက်ပါ။ ပစ္စုပ္ပန်ကို ယုံကြည်မှုနဲ့ ကိုင်တွယ်တည်ဆောက်ပါ။ ကြောက်ရွံ့မှုမရှိဘဲ အနာဂတ်အတွက် ပြင်ဆင်ပါ။

၁၁။ အာရ်ဂျန် - နောက်ဆုံးမေးခွန်းတစ်ခုကတော့ တစ်ခါတစ်လေ ကျွန်တော့်ရဲ့ဆုတောင်းခြင်းတွေ အဖြေမရဘူးလို့ ခံစားရတယ်။

    ခရိရှီနာ   - တုံ့ပြန်ခြင်းမရတဲ့ဆုတောင်းခြင်း၊ အဖြေမရတဲ့ ဆုတောင်းခြင်း ဆိုတာ မရှိပါဘူး။ ယုံကြည်ခြင်း၌ တည်တံ့မြဲမြံပါ။ ကြောက်ရွံ့မှုတွေကို လွင့်ပစ်လိုက်ပါ။ ဘဝဆိုတာ ဖြေရှင်းရမယ့် နက်နဲတဲ့အရာ တစ်ခု ဖြစ်တယ်။ ဘဝဆိုတာ ပြဿနာတစ်ခု မဟုတ်ပါဘူး။ ဘဝကို ဘယ်လို အသက်ရှင်ရမလဲဆိုတာ သင် သိထားတယ်ဆိုရင် ဘဝဟာ ဆန်းကြယ်လှပါတယ်။

အမြဲတမ်း ပျော်ရွှင်အောင်နေပါ။


တောင်ကတုံး(နှင်းပွင့်)


2019-12-17 22:40:05
ဆောင်းပါး
Untitled Document copyright © www.kalaycatholicdiocese.com, All rights reserved.