Untitled Document
Untitled Document

သူတန်ဖိုးနဲ့သူ

တန်ရာ တန်ကြေးပဲ ကောင်းပါတယ်။ ကလေးရယ်
အရာရာဟာ တန်ရာတန်ဖိုးရှိတယ် ဆိုပေမယ့်
ကိုယ်က အလေးထားလေလေ၊
တန်ဖိုး တက်လာ လေလေ ဖြစ်တာပါ။

တန်ဖိုးက လျော့သွားတာ မဟုတ်ပေးမယ့်
တန်ဖိုးမထားသူအတွက်
အသုံးမဝင်ဘူးလေ။

ကိုယ့်ကို အလေးမထားတဲ့ အသိုင်းအဝန်းကို
အတင်းလုပ်ယူပြီး သံယောဇဉ်တွေ
တွယ်တာ မနေပါနဲ့တော့၊ ကလေးရယ်။

ဘဝဆိုတာ တိုးတောင်တယ်။
ဖြစ်ပျက်ခဲ့တဲ့ အရာတွေ ပြန်ပြင်လို့မရတော့
ကုန်ဆုံးတဲ့အချိန်ကို ပြန်တမ်းတလည်း
အလာကားပဲလေ။

စေတနာကို အလေးထားတဲ့သူဆီမှာ
ပေးမှ တန်ဖိုးရှိတယ်လေ။
ကျေးဇူးတရားသိတတ်ကပဲ
ကျေဇူးတင်တာပါ။

သူ့အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်ရလောက်အောင်
စေတနာတွေ၊ သံယောဇဉ်တွေ
ပိုမနေပါနဲ့တော့၊ ကလေးရယ်။

အရာရာကို တန်ရာတန်ကြေးလောက်ပဲ
ပေးတာ အကောင်းဆုံးပဲ။

တောင်ပေါ်သား(ပေါလ်လေး)


တန်ရာ တန်ကြေးပဲ ကောင်းပါတယ်။ ကလေးရယ်
အရာရာဟာ တန်ရာတန်ဖိုးရှိတယ် ဆိုပေမယ့်
ကိုယ်က အလေးထားလေလေ၊
တန်ဖိုး တက်လာ လေလေ ဖြစ်တာပါ။

တန်ဖိုးက လျော့သွားတာ မဟုတ်ပေးမယ့်
တန်ဖိုးမထားသူအတွက်
အသုံးမဝင်ဘူးလေ။

ကိုယ့်ကို အလေးမထားတဲ့ အသိုင်းအဝန်းကို
အတင်းလုပ်ယူပြီး သံယောဇဉ်တွေ
တွယ်တာ မနေပါနဲ့တော့၊ ကလေးရယ်။

ဘဝဆိုတာ တိုးတောင်တယ်။
ဖြစ်ပျက်ခဲ့တဲ့ အရာတွေ ပြန်ပြင်လို့မရတော့
ကုန်ဆုံးတဲ့အချိန်ကို ပြန်တမ်းတလည်း
အလာကားပဲလေ။

စေတနာကို အလေးထားတဲ့သူဆီမှာ
ပေးမှ တန်ဖိုးရှိတယ်လေ။
ကျေးဇူးတရားသိတတ်ကပဲ
ကျေဇူးတင်တာပါ။

သူ့အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်ရလောက်အောင်
စေတနာတွေ၊ သံယောဇဉ်တွေ
ပိုမနေပါနဲ့တော့၊ ကလေးရယ်။

အရာရာကို တန်ရာတန်ကြေးလောက်ပဲ
ပေးတာ အကောင်းဆုံးပဲ။

တောင်ပေါ်သား(ပေါလ်လေး)

2019-11-25 21:23:31
ကဗ်ာ
Untitled Document copyright © www.kalaycatholicdiocese.com, All rights reserved.