Untitled Document
Untitled Document

ကက်သလစ်အသင်းတော်၏ တိုးတက်မှု၊ ဆုတ်ယုတ်မှုပြ ကိန်းဂဏာန်းအချက်အလက်များ (၂၀၁၉)
(Statistics for the Catholic Church – 2019)

ကက်သလစ်အသင်းတော်၏ တိုးတက်မှု၊ ဆုတ်ယုတ်မှုပြ ကိန်းဂဏာန်းအချက်အလက်များ (၂၀၁၉)
(Statistics for the Catholic Church – 2019)

    “ဘုရားသခင်၏ နိုင်ငံတော်နှင့် ကိုယ်တော်၏ ဖြောင့်မတ်ခြင်းတရားကို ရှေးဦးစွာ ရှာကြလေ့ာ။” (ရှင်မာတေးဦး ၆း၃၃)

        ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်သည် ၂၀၁၉ ခုနှစ် အောက်တိုဘာလ တစ်လလုံးကို အထူးသာသနာပြုလအဖြစ် သတ်မှတ်ကြေငြာထားရာ အောက်တိုဘာလ ၂၀ ရက်၊ တနင်္ဂနွေနေ့တွင် (၉၃)ကြိမ်မြောက် ကမ္ဘာ့သာသနာပြုနေ့ (World Mission Day) ပွဲတော်ကို ကျင်းပခဲ့သည်။ ထိုပွဲတော်နှင့်အတူ ၁၆ ကြိမ်မြောက် ပုပ်ရဟန်းမင်းကြီး ဘက်နဒစ်၏ စာချွန်တော်ဖြစ်သည့် Maximum Illud ထုတ်ပြန်သည့် ရာပြည့်အထိမ်းအမှတ် ပွဲတော်ကိုလည်း ပြုလုပ်ခဲ့ကြသည်။ ဤကဲ့သို့သော ကြီးကျယ်ခမ်းနားသည့် ပွဲတော် အခါသမယ၌ ကမ္ဘာတစ်ဝှမ်းလုံးရှိ သာသနာပြုနေသော အသင်းတော်ကြီးကို ခြုံငုံပြုစုထားသော စာရင်းဇယားတစ်ချို့ကို Fides News Service မှ သတင်းထုတ်ပြန်ခဲ့သည်။ ထိုစာရင်းဇယားများမှာ အဓိကအားဖြင့်  အသင်းတော်အတွင်းရှိ ဘာသာဝင်များ၊ အသင်းတော်၏ ဖွဲ့စည်းပုံများ၊ ကျန်မာရေး စောင့်ရှောက်မှုများ၊ သက်သာချောင့်ချိရေးလုပ်ငန်းများ၊ ပညာရေးကဏ္ဍများ၊ စသည့်တို့နှင့်ပတ်သက်၍ နောက်ဆုံးထုတ်ပြန်ထားသော (၃၁ ဒီဇင်ဘာ ၂၀၁၇) နှစ်ချုပ်စာရင်းများမှ ကောက်နုတ်တင်ပြထားခြင်း ဖြစ်ပါသည်။ ယခင်နှစ်က စာရင်းနှင့် နှိုင်းယှဉ်ရာမှ ထွက်ပေါ်လာသော အရေအတွက် အတိုး၊ အလျော့ ပြောင်းလဲခြင်း ကိန်းဂဏ္ဍန်းများကို ကွင်းထဲရှိ “+” သို့မဟုတ် “ – ” ဖြင့် အမှတ်အသားပြုထားပါသည်။


ကမ္ဘာ့လူဦးရေ
(World population)
         ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာ (၃၁) ရက်နေ့ ထုတ်ပြန်ချက်အရ၊ ကမ္ဘာ့လူဦးရေသည် ၇၄၀၈,၃၇၄,၀၀၀ ဖြစ်၍ ယခင်နှစ်ထက် ၅၆,၀၈၅,၀၀၀ ဦးရေ တိုးလာသည်။ ကမ္ဘာ့တိုက်ကြီးများရှိ လူဦးရေးတိုးတက်နှုန်းကို အရင်နှစ်များနှင့် နှိုင်းယှဉ်မှတ်တမ်းပြုစုထားသည်။ အရင်နှစ်များတွင် လူဦးရေးတိုးတက်နှုန်း ကျဆင်းနေသော ဥရောပတိုက်သည် တစ်ဆတစ်ဆ တိုးတက်လာသည်မှာ ယခုနှစ်အပါအဝင် သုံးနှစ်ခန့်မျှ ရှိလာခဲ့ပါပြီ။ အထူးသဖြင့် အာဖရိကတိုက် (+ ၃၃.၅၇၂.၀၀၀)၊ နှင့် အာရှတိုက် (+၁၁.၉၇၅.၀၀၀) တို့တွင် တိုးတက်နှုန်းမြင့်မားနေသည်။ ထို့နောက်တွင် အမေရိကတိုက် (+ ၈.၇၃၈.၀၀၀)၊ ဥရောပတိုက် (+ ၁.၀၅၉.၀၀၀)၊ နှင့် အာရှ-ပစ္စဖိတ်သမုဒ္ဒရာ၏
အရှေ့တောင်ရှိ ကျွန်းဒေသများ (+၇၄၁.၀၀၀) စသဖြင့် တိုးတက်နှုန်း အသင့်အတင့် ရှိကြသည်။



ကက်သလစ်ဘာသာဝင် လူဦးရေ
(Catholics)

        ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ၊ ၃၁ ရက်နေ့ ထုတ်ပြန်ချက်အရ၊  ကမ္ဘာတစ်ဝှမ်းရှိ ကက်သလစ်ဘာသာဝင် ဦးရေမှာ ၁,၃၁၃,၂၇၈,၀၀၀ ရှိပြီး ယခင်နှစ်နီးပါးအတိုင်း ဦးရေတိုးတက်မှုရှိရာ ၁၄,၂၁၉,၀၀၀ ဦးရေ မြှင့်တက်လာပါသည်။ သုံးနှစ်ဆက်တိုက် တိုးတက်နှုန်း ကျဆင်းခဲ့သော ဥရောပတိုက် (+၂၅၉,၀၀၀) အပါအဝင် တိုက်ကြီးများအားလုံးတွင် တိုးတက်နှုန်း မြှင့်တက်လာခဲ့သည်။  အထူးသဖြင့် အာဖရိကတိုက် (+၅,၆၀၅,၀၀၀)၊ အမေရိကတိုက် (+၆,၀၈၃,၀၀၀) တွင် တိုးတက်နှုန်း မြင့်မားနေသည်။ ထို့နောက်တွင် အာရှတိုက် (+၂,၀၈၀,၀၀၀) နှင့် အာရှ-ပစ္စဖိတ် သမုဒ္ဒရာ၏ အရှေ့တောင်ရှိ ကျွန်းဒေသများ (+ ၁၉၁,၀၀၀) တို့တွင် အသီးသီး ဘာသာဝင် ဦးရေ တိုးတက်လျက်ရှိသည်။

ကက်သလစ်ဦးရေသည် ကမ္ဘာ့လူဦးရေ၏ ၁၇.၇၃% ဖြစ်၍ ဝ.၀၆% တိုးတက်လာသည်ဟု ဆိုရပေမည်။ ကမ္ဘာ့တိုက်ကြီးများအလိုက် ဖော်ပြရာမည်ဆိုလျှင် အမေရိကတိုက် (+ဝ.၀၅)၊ နှင့် အာရှတိုက် (+ဝ,၀၃) တို့သည် တိုးတက်လာကြ၍ အာဖရိကတိုက် (– ဝ,၀၇)၊ ဥရောပတိုက် (– ဝ,၀၇)နှင့် အာရှ-ပစ္စဖိတ်သမုဒ္ဒရာ၏ အရှေ့တောင်ရှိ ကျွန်းဒေသများ (– ဝ,၀၁) တွင် ဘာသာဝင်ဦးရေ အနည်းငယ်စီ ကျဆင်းနေသည်။


ရဟန်းတစ်ပါးအတွက် ကမ္ဘာ့လူဦးရေနှင့် ကက်သလစ်လူဦးရေ၏ အချိုးအစား
(Persons and Catholics per priests)

        ရဟန်းတစ်ပါးအတွက် ကမ္ဘာ့လူဦးရေ အချိုးအစားသည် ပျမ်းမျှအားဖြင့် ၁၄.၄၆၈ ဦးရှိရာ ၁၃၂ ဦးတိုးလာသည်ဟု ဆိုနိုင်ပါသည်။  တိုက်ကြီးများအလိုက် ရဟန်းနှင့် လူဦးရေ အချိုးအစားသည် အာဖရိကတိုက် (+၄၉)၊ အမေရိကတိုက်(+၆၉)၊ ဥရောပတိုက် (+၇၅)၊ နှင့် အာရှ-ပစ္စဖိတ်သမုဒ္ဒရာ၏ အရှေ့တောင်ရှိ ကျွန်းများဒေသ(+၃၃၇) တို့တွင် တိုးတက်လျက်ရှိသည်။ အရေအတွက် ကျဆင်းလာသောတိုက်မှာ အာရှတိုက် (– ၈၈၇) တစ်ခုတည်းသာ ဖြစ်သည်။

ရဟန်းတစ်ပါးအတွက် ကက်သလစ်လူဦးရေ အချိုးအစားမှာ ပျှမ်းမျှအားဖြင့် ၃,၁၆၈ ဦးရှိရာ ယခင်နှစ်ထက် ၃၈ ဦးတိုးလာသည်ဟု ဆိုရမည် ဖြစ်သည်။ အမေရိကတိုက် (+၄၈)၊ ဥရောပတိုက်(+၂၉)၊ နှင့် အာရှ-ပစ္စဖိတ်သမုဒ္ဒရာ၏ အရှေ့တောင်ရှိ ကျွန်းဒေသများ (+၈၇) တွင် တိုးတက်လျက်ရှိသည်။ ယခင်နှစ်များကဲ့သို့ပင်၊ အာရှတိုက် (-၁၅) နှင့် အာဖရိကတိုက် (-၉) တို့သည် လျော့နည်းကျဆင်းလျက်ရှိသည်။


အသင်းတော်နှင့်ဆိုင်သော နယ်ပယ်များနှင့် သာသနာပြုရာဒေသများ
(Ecclesiatical circumscriptions and mission stations)
    အသင်းတော်နှင့်ဆိုင်သော နယ်ပယ် ၃,၀၁၇ ခုရှိရာ၊ အာရှတိုက် (+၂) တွင် အသင်းတော်နှင့်ဆိုင်သော နယ်ပယ်သစ် တိုးလာသော်လည်း အမေရိကတိုက်တွင် (-၁) တစ်ခု လျော့နည်းသွားသောကြောင့် ယခင်နှစ်ထက် နယ်ပယ်တစ်ခုသာ ပို၍ တိုးလာပါသည်။ အခြားသောတိုက်ကြီးများတွင်မူ အပြောင်းအလဲ မရှိပေ။

ရဟန်း အရေအတွက် ၂,၆၅၉ ပါး သတင်းသုံးသည့် သာသနာပြုရာဒေသများ (+၅၁၉) တိုးတက်လာသည်။ အာဖရိကတိုက် (- ၄၇) နှင့် ဥရောပတိုက် (- ၄၄) တို့တွင် နှစ်နှစ်ဆက်တိုက် ကျဆင်းလျက်ရှိသော်လည်း အမေရိကတိုက် (+၄၆၀)၊ အာရှတိုက် (+၁၃၃) နှင့် အာရှ-ပစိဖိတ်သမုဒ္ဒရာ၏ အရှေ့တောင်ရှိ ကျွန်းဒေသများ (+၁၇) တွင် အသီးသီး တိုးတက်မှုရှိကြောင်း သိရသည်။

တိုက်ကြီးများအားလုံး၌ ရဟန်းများ မရှိသည့် သာသနာပြုရာဒေသများမှာ ယခုနှစ်တွင် ၄,၆၉၆ (-၃၈၇) ခု ရှိရာ အရေအတွက် ကျဆင်းနေသည်။ တိုက်ကြီးများအလိုက် ဖော်ပြရမည်ဆိုပါက၊ အာဖရိကတိုက် (-၁,၄၄၈)၊ အမေရိကတိုက် (-၁,၃၃၃)၊ အာရှတိုက် (- ၁,၈၉၉)၊  ဥရောပတိုက် (- ၁၃)၊ နှင့် အာရှ-ပစိဖိတ် သမုဒ္ဒရာ၏ အရှေ့တောင်ရှိ ကျွန်းဒေသများ (-၃)၊ စသဖြင့် အသီးသီး ကျဆင်းလျက်ရှိသည်။


ဆရာတော်များ
(Bishops)
    ကမ္ဘာတစ်ဝှမ်းလုံးရှိ ဆရာတော်ကြီးများ အရေအတွက်သည် ယခုနှစ်တွင် ၅,၃၈၉ ပါး ရှိလာသည်။ သစ္စာသုံးပါးခံဆရာတော်များနှင့် သာသနာ့ဆရာတော်များ၏ အရေအတွက်သည် မြှင့်တက်လာသည်။ သာသနာ့ဆရာတော်များ၏ အရေအတွက်သည် ၄,၁၁၆ ပါး (+၂၆) ရှိ၍ သစ္စာသုံးပါးခံဆရာတော်များ၏ အရေအတွက်မှာ ၁,၂၇၃ (+၁၀) ပါး ရှိသည်။

    သာသနာ့ဆရာတော်များ၏ အရေအတွက်သည် အာဖရိကတိုက် (-၁) တွင် အနည်းငယ် ကျဆင်းနေသော်လည်း ကျန်တိုက်ကြီးများအားလုံးတွင် တိုးတက်လျက်ရှိသည်။ အမေရိကတိုက်(+၁၈)၊ အာရှတိုက် (+၁)၊ ဥရောပတိုက် (+၅)၊နှင့် အာရှ-ပစိဖိတ်သမုဒ္ဒရာ၏ အရှေ့တောင်ရှိ ကျွန်းဒေသများ (+၃) တွင် အသီးသီး တိုးတက်လျက်ရှိသည်။

    သစ္စာသုံးပါးခံ ဆရာတော်ကြီးများ အရေအတွက်သည် အာဖရိကတိုက်(+၇) နှင့် အမေရိကတိုက် (+၅) တို့တွင် တိုးတက်လာသော်လည်း အာရှတိုက် (-၂) တွင်မူ ကျဆင်းနေသည်။ အခြားသော တိုက်ကြီးများတွင် အပြောင်းအလဲမရှိ တည်ငြိမ်နေသည်။

ရဟန်းများ
(Priests)
    ကမ္ဘာတစ်ဝှမ်းရှိ ရဟန်းများ အရေအတွက်သည် ၄၁၄,၅၈၂ (-၃၈၇) ပါး ရှိသောကြောင့် ယခုနှစ်တွင် အရေအတွက် အနည်းငယ် ကျဆင်းသည်ဟု ဆိုရပေမည်။ ဥရောပတိုက် (-၂.၉၆)၊ အာရှ-ပစိဖိတ်သမုဒ္ဒရာ၏ အရှေ့တောင်ရှိ ကျွန်းဒေသများ (-၉၇) တွင် အရေအတွက် ကျဆင်းနေသော်လည်း အာဖရိကတိုက် (+၁.၁၉၂)၊ အမေရိကတိုက် (+၄၀)၊  အာရှတိုက် (+၁.၄၂၄) တို့တွင် အသီးသီး တိုးတက်လျက်ရှိသည်။
    သာသနာ့ရဟန်းများ အရေအတွက်သည် ၂၈၁,၈၁၀ ပါး ရှိသည်။ ဥရောပတိုက် (-၂.၀၄၈) နှင့် အာရှ-ပစိဖိတ်သမုဒ္ဒရာ၏ အရှေ့တောင်ရှိ ကျွန်းဒေသများ (- ၃၆) တို့တွင် အနည်းငယ် ကျဆင်းသည့်အတွက် ၂၁ ပါး လျော့နည်းနေသည်။  အာဖရိကတိုက် (+၉၅၉)၊ အမေရိကတိုက် (+၄၀၄)၊ အာရှတိုက် (+၇၀၀) တို့တွင်မူ တိုးတက်လျက်ရှိသည်။
    သစ္စာသုံးပါးခံ ရဟန်းအရေအတွက်သည် ၁၃၂,၇၇၂ ပါး ရှိသည်ဖြစ်၍၊ ယခုနှစ်တွင် ၃၆၆ ပါး လျော့နည်းသွားသည်။ ယခင်နှစ်များကဲ့သို့ပင် အာဖရိကတိုက် (+၂၃၃)နှင့် အာရှတိုက် (+၇၂၄) တို့တွင် မြှင့်တက်လာသော်လည်း အမေရိကတိုက် (-၃၆၄)၊ ဥရောပတိုက် (-၈၉၈)၊နှင့် အာရှ-ပစိဖိတ်သမုဒ္ဒရာ၏ အရှေ့တောင်ရှိ ကျွန်းဒေသများ(- ၆၁)၌ အသီးသီး ကျဆင်းနေသည်။


တစ်သက်ဥပဇင်းကြီးများ
(Permanent Deacons)
    ကမ္ဘာတစ်ဝှမ်း၌ တစ်သက်သာသနာ့ ဥပဇင်းအရေအတွက် ၄၆,၁၉၂ ပါးရှိရာ၊ ပျှမ်းမျှအားဖြင့် ၅၈၃ ပါး တိုးလာသည်။ အာဖရိကတိုက် (- ၃)မှ လွဲ၍ ကျန်တိုက်ကြီးများဖြစ်သည့် အမေရိကတိုက် (+၄၃၄)၊ အာရှတိုက်(+၅)၊ ဥရောပတိုက်(+၁၄၀) နှင့် အာရှ-ပစိဖိတ်သမုဒ္ဒရာ၏ အရှေ့တောင်ရှိ ကျွန်းဒေသများ(+၇) တို့တွင် အရေအတွက် တိုးလာသည်။

သစ္စာသုံးပါးခံ တစ်သက်ဥပဇင်းကြီး အရေအတွက် ၇၀၂ ပါး ရှိရာ၊ ယခင်နှစ်နှင့် နှိုင်းယှဉ်လျှင် တစ်ပါး လျော့နည်းနေသည်။ အာဖရိကတိုက် (-၄)နှင့် အမေရိကတိုက်(-၂၆) တို့တွင် ကျဆင်းနေပြီး အာရှတိုက်(+၂၃)၊ ဥရောပတိုက် (+၂) နှင့် အာရှ-ပစိဖိတ်သမုဒ္ဒရာ၏ အရှေ့တောင်ရှိ ကျွန်းဒေသများ (+၄) တို့တွင် အရေအတွက် တိုးလာသည်။


သစ္စာသုံးပါးခံ သူတော်စင်များဖြစ်သည့် ကိုရင်ကြီးများနှင့် သီလရှင်များ
(Men and Women religious)
    သစ္စာသုံးပါးခံ ရဟန်းမဟုတ်သော သူတော်စင် (ကိုရင်ကြီးများနှင့် သီလရှင်များ) အရေအတွက် ၅၁.၅၃၅ ပါး ရှိသည်ဖြစ်၍ ငါးနှစ်ဆက်တိုက် အရေအတွက် ကျဆင်းလာရာမှ ယခုနှစ်တွင် ၁.၀၉၀ ပါး ထပ်၍ ကျဆင်းနေသည်။ အာဖရိကတိုက် (+၄၈) မှလွဲ၍ ကျန်တိုက်ကြီးများ ဖြစ်သည့် အမေရိကတိုက် (-၄၀၃)၊ အာရှတိုက်(-၁၂၇)၊ ဥရောပတိုက် (-၅၂၅) နှင့် အာရှ-ပစ္စဖိတ်သမုဒ္ဒရာ၏ အရှေ့တောင်ရှိ ကျွန်းဒေသများ(-၈၃) တို့တွင် အရေအတွက် ကျဆင်းနေသည်။
    သစ္စာသုံးပါးခံ သီလရှင်အရေအတွက်သည်  ၁၀,၅၃၅ ပါး ကျဆင်းသည် ဖြစ်၍ ယခုနှစ်တွင် ၆၄၈,၉၁၀ ပါး ရှိသည်။ အာဖရိကတိုက် (+၁,၄၈၉)၊နှင့် အာရှတိုက်(+၁,၁၁၈)၊တို့တွင် အရေအတွက် မြှင့်တက်လာသည်။ သို့သော် အမေရိကတိုက်(-၄,၈၉၃)၊ ဥရောပတိုက်(-၇,၉၆၀)၊ နှင့် အာရှ-ပစိဖိတ်သမုဒ္ဒရာ၏ အရှေ့တောင်ရှိ ကျွန်းဒေသများ(-၂၈၉) တို့တွင် အရေအတွက် ကျဆင်းနေသည်။

သာမန်ဘာသာဝင်များဖြင့် ဖွဲ့စည်းထားသော အသင်းအဖွဲ့များ
(Members of secular institutes, male and female)
    သာမန်ဘာသာဝင် အသင်းအဖွဲ့များတွင် ပါဝင်သော ယောင်္ကျားဦးရေသည် နှစ်နှစ်ဆက်တိုက် ကျဆင်း(-၃၃) သောကြောင့် စုစုပေါင်း အရေအတွက် ၅၈၅ ဦး ရှိသည်။ ယခုနှစ်တွင် အရေအတွက် ပြောင်းလဲခြင်းမရှိသော အာရှ-ပစိဖိတ်သမုဒ္ဒရာ၏ အရှေ့တောင်ရှိ ကျွန်းဒေသများမှ လွဲ၍ ကျန်တိုက်ကြီးများဖြစ်သည့် အာဖရိကတိုက်(-၈)၊ အမေရိကတိုက်(-၆)၊ အာရှ(-၇) နှင့် ဥရောပတိုက်(-၁၂) တို့တွင် ကျဆင်းနေသည်။
    သာမန်ဘာသာဝင် အသင်းအဖွဲ့များတွင် ပါဝင်သော မိန်းမဦးရေသည် ယေဘုယျအားဖြင့် ၂၂,၀၅၇ ဦး ရှိသည်ဖြစ်၍ ယခုနှစ်တွင် ၃၄၃ ဦး ကျဆင်းသည်ဟု ဆိုရပေမည်။ အာဖရိကတိုက် (+၃၇)၊ နှင့် အာရှတိုက် (+၅၈)တို့တွင် တိုးလာချိန်တွင်၊ အမေရိကတိုက်(-၅၁)၊ ဥရောပတိုက်(-၃၈၅)၊ နှင့် အာရှ-ပစိဖိတ်သမုဒ္ဒရာ၏ အရှေ့တောင်ရှိ ကျွန်းဒေသများ(-၂) တို့တွင် ကျဆင်းနေသည်။

သာမန်ဘာသာဝင်တို့၏ သာသနာပြုခြင်းနှင့် ဓမ္မဆရာများ
(Lay missionaries and catechists)
    ကမ္ဘာတစ်ဝှမ်းရှိ သာသနာပြုနေသော သာမန်ဘာသာဝင် အရေအတွက် ၃၅၅,၈၀၀ ဦး ရှိသည်ဖြစ်ရာ ယေဘုယျတိုးတက်သည့် အရေအတွက်မှာ ၁,၀၅၇ ဦး ဖြစ်သည်ဟု ဆိုရပေမည်။ ဥရောပတိုက် (+၈၃၆)၊ အမေရိကတိုက်(+၆၉၁)၊ အာရှတိုက်(+၄၅၄)၊နှင့် အာရှ-ပစိဖိတ်သမုဒ္ဒရာ၏ အရှေ့တောင်ရှိ ကျွန်းဒေသများ(+၂၃) တို့တွင် အရေအတွက် မြှင့်တက်လာချိန်၌ အာဖရိကတိုက်(-၉၄၇) တစ်ခုတည်း ကျဆင်းနေသည်။
    ကမ္ဘာတစ်ဝှမ်းရှိ ဓမ္မဆရာများ အရေအတွက် စုစုပေါင်း ၃,၁၂၀,၃၂၁ ဦး ဖြစ်၍ ယခုနှစ်တွင် ၃၄,၀၃၂ ဦး တိုးလာပါသည်။ ဥရောပတိုက်(-၂.၈၉၇) တွင်သာ အရေအတွက် ကျဆင်းသော်လည်း အာဖရိကတိုက်(+၁၁.၄၀၅)၊ အမေရိကတိုက်(+၂၂.၅၃၂)၊ အာရှတိုက်(+၂.၆၉၉)၊ နှင့် အာရှ-ပစိဖိတ်သမုဒ္ဒရာ၏ အရှေ့တောင်ရှိ ကျွန်းဒေသများ(+၂၉၃) တို့တွင် အသီးသီး တိုးတက်လျက်ရှိသည်။

ရဟန်းလောင်းကျောင်းသားများ
(Major seminarians)
    ယခုနှစ်တွင် သာသနာ့ရဟန်းလောင်းကျောင်းသားများနှင့် သစ္စာသုံးပါးခံ ရဟန်းလောင်း ကျောင်းသားများ အရေအတွက် ကျဆင်းနေသည်။ ယခုနှစ်တွင် တိုးတက်နှုန်း ကျဆင်းသော ကျောင်းသားအရေအတွက်မှာ ၈၃၂ ဖြစ်သောကြောင့် စုစုပေါင်း အရေအတွက်မှာ ၁၁၅,၃၂၈ ဦး ဖြစ်သည်။ အာဖရိကတိုက်(+၇၈၆) နှင့် အာရှ-ပစိဖိတ်သမုဒ္ဒရာ၏ အရှေ့တောင်ရှိ ကျွန်းဒေသများ(+၂၁) တို့တွင် တိုးလာပြီး၊ အမေရိကတိုက် (-၈၅၃)၊ အာရှတိုက်(-၃၈၅)၊ ဥရောပတိုက် (-၄၀၁)၊ တို့တွင် အရေအတွက် ကျဆင်းနေသည်။
    သာသနာ့ရဟန်းလောင်းကျောင်းသား အရေအတွက်သည် ၇၀,၇၀၆ (ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက၊ - ၄၁၁) ဦး ဖြစ်၍ သစ္စာသုံးပါးခံ ရဟန်းလောင်းကျောင်းသား အရေအတွက် ၄၄,၆၂၂ (  ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက - ၄၂၁) ဦး ဖြစ်သည်။
    သာသနာ့ရဟန်းလောင်းအရေအတွက်သည် အာဖရိကတိုက် (+၅၀၅)၊ နှင့် အာရှ-ပစိဖိတ်သမုဒ္ဒရာ၏ အရှေ့တောင်ရှိ ကျွန်းဒေသများ(+၁၇) တို့တွင် မြင့်တက်လာပြီး အမေရိကတိုက် (-၃၇၆)၊ အာရှတိုက်(-၂၀၂)၊ နှင့် ဥရောပတိုက်(-၃၅၅) တို့တွင် ကျဆင်းနေသည်။ သစ္စာသုံးပါခံ ရဟန်းလောင်းကျောင်းသား အရေအတွက်သည် အာဖရိကတိုက် (+၂၈၁) နှင့် အာရှ-ပစိဖိတ်သမုဒ္ဒရာ၏ အရှေ့တောင်ရှိ ကျွန်းဒေသများ(+၄) တို့တွင် မြင့်တက်လာပြီး အမေရိကတိုက် (-၄၇၇)၊ အာရှတိုက် (- ၁၈၃)နှင့် ဥရောပတိုက် (- ၄၆) တို့တွင် ကျဆင်းနေသည်။

ရဟန်းဖြစ်သင်ကျောင်း
(Minor seminarians)
    သာသနာ့ရဟန်းဖြစ်သင်ကျောင်းသားနှင့် သစ္စာသုံးပါးခံ ရဟန်းဖြစ်သင်ကျောင်းသား အရေအတွက်သည် နှစ်နှစ်ဆက်တိုက် ကျဆင်းလာရာ ယခုနှစ်တွင် ၈၃၅ ဦး လျော့နည်းလာသောကြောင့် စုစုပေါင်း အရေအတွက်သည် ၁၀၀,၇၈၁ ဦး ဖြစ်သည်။ အာရှတိုက် (+၈၂) နှင့် ကိန်းဂဏ္ဍန်းပြောင်းလဲခြင်း မရှိသော အာရှ-ပစိဖိတ်သမုဒ္ဒရာ၏ အရှေ့တောင်ရှိ ကျွန်းဒေသများ တို့မှလွဲ၍ ကျန်တိုက်ကြီးများ ဖြစ်သည့် အာဖရိကတိုက် (- ၄၀၃)၊ အမေရိကတိုက်(- ၃၄၇)၊ ဥရောပတိုက် (- ၁၆၇) တို့တွင် အရေအတွက် ကျဆင်းနေသည်။
    သာသနာ့ရဟန်းဖြစ်သင်ကျောင်းသား အရေအတွက်သည် ၇၈,၃၃၆ (-၃၃) ဦး နှင့် သစ္စာသုံးပါခံ ရဟန်းဖြစ်သင်ကျောင်းသား အရေအတွက်သည် ၂၂,၄၄၅ (- ၈၀၂) ဦး ဖြစ်သည်။ သာသနာ့ရဟန်းဖြစ်သင်ကျောင်းသား အရေအတွက်သည် အာရှတိုက်(+၃၆၇)၊ နှင့် အာရှ-ပစိဖိတ်သမုဒ္ဒရာ၏ အရှေ့တောင်ရှိ ကျွန်းဒေသများ(+၇) တို့တွင် မြင့်တက်လာသော်လည်း အာဖရိကတိုက် (- ၁၈)၊  အမေရိကတိုက် (- ၂၆၉)၊ နှင့် ဥရောပတိုက် (- ၁၂၀) တို့တွင် ကျဆင်းနေသည်။ သစ္စာသုံးပါးခံ ရဟန်းဖြစ်သင်ကျောင်းသား အရေအတွက်သည် အာဖရိကတိုက် (- ၃၈၅)၊  အမေရိကတိုက် (- ၇၈)၊ အာရှ (- ၂၈၅)၊ ဥရောပတိုက် (- ၄၇) နှင့် အာရှ-ပစိဖိတ်သမုဒ္ဒရာ၏ အရှေ့တောင်ရှိ ကျွန်းဒေသများ(- ၇) တို့တွင် အသီးသီး ကျဆင်းနေသည်။

ကက်သလစ်စာသင်ကျောင်းများနှင့် ပညာရေး
(Catholic schools and Education)
    ပညာရေးကဏ္ဍ၌ ကက်သလစ်အသင်းတော်သည် မူကြိုကျောင်း ၇၁,၃၀၅ ခု ဖွင့်လှစ်ထားရာ ကျောင်းသူကျောင်းသား ၇,၃၀၃,၈၃၉ ဦး ရှိသည်။ မူလတန်းကျောင်း ၁၀၁,၅၂၇ ခု၌ ကျောင်းသူကျောင်းသား ၃၄,၅၅၈,၅၂၇ ဦး နှင့် အလယ်တန်းကျောင်း ၄၈,၅၆၀ ခု၌ ကျောင်းသူကျောင်းသား ၂၀,၃၂၀,၅၉၂ ဦး ရှိသည်။ ထို့အပြင် အထက်တန်းကျောင်းသူကျောင်းသား ၂,၃၄၅,၇၉၉ ဦး နှင့် တက္ကသိုလ်ကျောင်းသူကျောင်းသား ၂,၉၄၅,၂၉၅ ဦးတို့ကိုလည်း အသင်းတော်က ပညာရေး ကူညီပေးနေသည်။

ကက်သလစ် ကရုဏာလုပ်ငန်းနှင့် ကျန်းမာရေး စောင့်ရှောက်မှု
(Catholic charity and healthcare centers)
    ကမ္ဘာတစ်ဝှမ်းတွင် အသင်းတော်က ကရုဏာလုပ်ငန်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပတ်သက်၍ စီမံကွပ်ကဲနေသော ဆေးရုံပေါင်း ၅,၂၆၉ ခုရှိရာ၊ အများသောအားဖြင့် အမေရိကတိုက် (၁,၃၉၉)နှင့် အာဖရိကတိုက်(၁,၃၆၇) တွင် ရှိသည်။ ဆေးပေးခန်း ၁၆,၀၆၈ ခုရှိရာ၊ အများသောအားဖြင့် အာဖရိကတိုက် (၅,၉၀၇)၊ အမေရိကတိုက်(၄,၃၃၀)နှင့် အာရှတိုက်(၂,၉၁၉) တွင် ရှိသည်။
    အနူရောဂါသည်များအတွက် စောင့်ရှောက်ရေးဂေဟာပေါင်း ၆၄၆ ခု ရှိပြီး အများသောအားဖြင့် အာရှတိုက် (၃၆၂) နှင့် အာဖရိကတိုက်(၂၂၉) တွင် ရှိသည်။ သက်ကြီးရွယ်အိုများ၊ နာတာရှည် ရောဂါသည်များ၊ ကိုယ်လက်အင်္ဂါ ချို့တဲ့သူများအတွက် ဂေဟာပေါင်း ၁၅,၇၃၅ ခု ရှိပြီး အများသောအားဖြင့် ဥရောပတိုက် (၈,၄၇၅) နှင့် အမေရိကတိုက် (၃,၅၉၆) တွင် ရှိသည်။     မိဘမဲ့ဂေဟာပေါင်း ၉,၈၁၃ ခုရှိပြီး၊  အများသောအားဖြင့် အာရှတိုက် (၃,၄၇၃) တွင် ရှိသည်။ ကလေးထိန်းဂေဟာပေါင်း ၁၀,၄၉၂ ခု ရှိပြီး အဓိကအားဖြင့် အမေရိကတိုက် (၃,၁၅၃)နှင့် အာရှတိုက်(၂,၉၀၀) တွင် ရှိသည်။ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ အကျိုးဆောင်ရုံးတော် ၁၃,၀၆၅ ခု ရှိပြီး အဓိကအားဖြင့် ဥရောပတိုက် (၅,၆၇၆) နှင့် အမေရိကတိုက် (၄,၇၉၈) တို့တွင် ရှိသည်။ ပြန်လည် ပြုပြင်ထိန်းသိမ်းရေး ဂေဟာ ၃,၁၆၉ ခုရှိပြီး အခြားသော ကရုဏာလုပ်ငန်းဆိုင်ရာ အဖွဲ့အစည်းပေါင်း ၃၁,၁၈၂ ခု ရှိသည်။

အသင်းတော်နှင့်ဆိုင်သော နယ်ပယ် ကျယ်ပြန့်မှုသည် ဧဝံဂေလိသတင်းကောင်း ဖြန့်ဝေရန်အတွက် တည်ရှိနေသော အဖွဲ့အစည်းများအပေါ်တွင် မူတည်နေသည်။
    အသင်းတော်နှင့်ဆိုင်သော နယ်ပယ်သည် ၁,၁၁၅ နေရာတွင် တည်ရှိပြီး အဓိကအားဖြင့် အာဖရိကတိုက် (၅၁၁)နှင့် အာရှတိုက်(၄၈၄) တို့တွင် ဖြစ်သည်။ ထို့နောက် အမေရိကတိုက် (၇၄)နှင့် အာရှ-ပစိဖိတ်သမုဒ္ဒရာ၏ အရှေ့တောင်ရှိ ကျွန်းဒေသများ(၄၆) တို့တွင် အသီးသီး တည်ရှိသည်။

မှတ်ချက်။    ။ http://www.fides.org/en/news/66809 - Vatican_ Catholic Church Statistics –             2019 ကို ပြန်ဆိုသည်။

တောင်ကတုံး (နှင်းပွင့်)
၂၅.၁၀.၂၀၁၉
သောကြာနေ့






2019-12-05 22:55:22
အေထြေထြ
Untitled Document copyright © www.kalaycatholicdiocese.com, All rights reserved.