Untitled Document
Untitled Document

မြန်မာနိုင်ငံလုံးဆိုင်ရာအာစီပါဦးဆောင်သူများသင်တန်းကျင်းပ

မြန်မာနိုင်ငံလုံးဆိုင်ရာအာစီပါဦးဆောင်သူများသင်တန်းကျင်းပ

မြန်မာနိုင်ငံလုံးဆိုင်ရာ အာစီပါ ဦးဆောင်သူများ သင်တန်းကို မြစ်ကြီးနားသာသနာ၊ မြစ်ကြီးနားမြို့ရှိ ဓမ္မကောလိပ်တွင် အောက်တိုဘာ ၂၇ ရက်မှ ၃၁ ရက်အထိ ကျင်းပပြုလုပ်ခဲ့ကြပါသည်။

ဦးဆောင်သူများသင်တန်းတွင် ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ်၏ အောက်တိုဘာလ အထူးသာသနာပြုလအတွက် သတ်မှတ်ရွေးချယ်ပေးသော ဆောင်ပုဒ်နှင့် အညီ “ဆေးကြောခြင်းခံ၍ စေလွှတ်ခံခြင်း” ခေါင်းစဉ်အောက်တွင်ဆွေးနွေးခဲ့ကြပါသည်။ ဆေးကြောခြင်းခံ၍ စေလွှတ်ခံခြင်း ခေါင်းစဉ်အောက်တွင် ခရစ်တော်ကို နှုတ်ကပါတ်တော်နှင့် ဆုတောင်းအားခြင့် ထိတွေ့ခံစားခြင်း၊ သခင်ခရစ်တော်၏ သာသနာပြုလုပ်ငန်းတွင် ပါဝင်ရန် စေလွှတ်ခြင်းခံရခြင်း၊ အခြေခံခရစ်ယာန် အစုအဖွဲ့ ငယ်များသည်အားလုံး ပူးပေါင်းပါဝင်သော အသင်းတော်ကို တည်ဆောက်ကြရန်၊ သာသနာပြုရဟန္တာများ၏ သက်သေပြုခြင်း။ သာသနာပြု အသိဗဟုသုတ၊ ရန်ပုံငွေရှာကြံရေးနှင့် သာသနပြုလုပ်ငန်းနှင့် ခရစ်ယာန် အစုအဖွဲ့ငယ်ကို မည်ကဲ့သို့ စတင်အပ်ကြောင်းစသည်တို့ကို ဆွေးနွေးခဲ့ကြပါသည်။

သင်တန်းအတွင်းတွင် FABC ဥက္ကဌလည်းဖြစ် ရန်ကုန်ဂိုဏ်ချုပ်သာသနာပိုင် ကာဒီနယ်ချားဘိုလည်း လာရောက်ကာရှင်မာတေးဦး ၂၈း၁၉ တွင် ဖတ်ရှုရသောစေလွှတ်ခြင်းအကြောင်းကို ပြည့်ဝစုံလင်စွာ ဟောပြောခွန်အား ပေးခဲ့ပါသည်။
သင်တန်းရက်များတွင် ဆရာတော် ကြီး Francis၊ ဆရာတော်ကြီးပေါလ် (ငြိမ်း)၊ ဆရာတော်ကြီးLucius၊ ကာဒီနယ်ကြီးချားဘိုတို့ အားပေးခဲ့ကြသကဲ့သို့ မြန်မာနိုင်ငံသာသာအသီးသီးမှ တာဝန်ခံရဟန်းတော်များ၊ စစ္စတာများ၊ ဓမ္မဆရာ/မများနှင့် ဘာသာတူများ (၂၀၀) ဝန်းကျင် ပါဝင်ခဲ့ကြပါသည်။

လာမည့်နှစ် (၂၀၂၀)တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အာစီပါဦးဆောင်သူများ သင်တန်းကို လွိုင်ကော်သာသနာတွင် ကျင်းပပြု လုပ်မည်ဟု ကြေငြာခဲ့ပါသည်။

စိမ်း (ကလေး)


2019-12-05 22:24:47
အေထြေထြ
Untitled Document copyright © www.kalaycatholicdiocese.com, All rights reserved.