Untitled Document
Untitled Document

ဟားခါးသာသနာပိုင် ဆရာတော်ကြီး Lucius Hrekung ၏ AsIPA နှီးနှောဖလှယ်ပွဲအမှာစကား

ဟားခါးသာသနာပိုင် ဆရာတော်ကြီး Lucius Hrekung ၏ AsIPA နှီးနှောဖလှယ်ပွဲအမှာစကား

မြန်မာနိုင်ငံလုံးဆိုင်ရာAsIPAဦးဆောင်သူများသင်တန်းကိုမြစ် ကြီးနားသာသနာ၊ မြစ်ကြီးနားမြို့ရှိ စိန်လုဓမ္မကောလိပ်တွင် အောက်တိုဘာ ၂၇ မှ ၃၁ အထိစည်ကားသိုက် မြိုက်စွာကျင်းပခဲ့ပါသည်။ မြန်မာနိုင်ငံလုံးဆိုင်ရာAsIPA
 တာဝန်ခံအဖဆရာတော်ကြီး Lucius Hre Kung က သင်တန်းသို့ ကြွ ရောက်လာသောဆရာတော်ကြီးများ၊ ဘုန်းတော်ကြီးများ၊ စစ္စတာများ၊ ဓမ္မဆရာ/မများ၊ ဘာသာတူများအားလုံးကို ခွန်အားပေး အားသစ်လောင်းခဲ့ပါသည်။

ဆရာတော်ကြီးကAsIPAခေါင်းစဉ်နဲ့ ဒီနေရာလေးမှာစုရုံး ကြတဲ့အခါ သင်တို့အားလုံးရဲ့ အသင်းတော်အပေါ်မှာ ထားရှိတဲ့ချစ်ခြင်းမေတ္တာကို တွေ့ရှိနိုင်ပါတယ်။ အားလုံးကအသင်းတော် တိုးတက်စေလိုတဲ့ ပြင်းပြတဲ့ဆန္ဒတွေရှိကြောင်း သုံးသပ်လို့ရတယ်။ အသင်းတော် ကြီးတိုးတက်စေဖို့ အာရှဆရာတော်ကြီးများနဲ့ အတူ ကျွန်ုပ်တို့အားလုံး အပါအဝင် ဘယ်လိုဘယ်ပုံဆောင် ရွက်အပ်သလဲဆိုပြီး အသင်းတော်ကို ချစ်မြတ်နိုးတဲ့စိတ်ဓာတ်တွေကို ထင်ဟပ်စေတဲ့စုရုံးမှုပဲ ဖြစ်ပါတယ်။

အသင်းတော်ကို တိုးတက်စေလိုတဲ့ပြင်းပြတဲ့ဆန္ဒတွေ၊ လုပ်ဆောင် ဖို့အင်အားတွေ အပြည့်နဲ့ရှိနေတဲ့ အခိုက်မှာ AsIPAဟာတိုးတက်မှု ဆောင်ရွက်နိုင်ဖို့ အဖြေတစ်ခုအဖြစ် လိုအပ်နေတဲ့အချိန်မှာ ဝိညာဉ်တော် ဘုရားရဲ့လမ်းညွှန်မှုတစ်ရပ်ဖြစ်တယ်လို့ ယုံကြည်ပါတယ်။AsIPAနည်းလမ်းနဲ့ သာသနာပြုခြင်းဟာ ဒီခေတ်ဒီအချိန်အတွက် ဝိညာဉ်တော်ရဲ့ လမ်းပြပို့ ဆောင်ခြင်းဖြစ်တယ်လို့ ပြောလို့ရပါတယ်။
ယုံကြည်ခြင်းရဲ့ခေတ်ကိုကြည့်တဲ့အခါ ပထမဦးဆုံးရောမအင်ပါယာကို ကြည့်နိုင်ပါတယ်။ ရောမအင်ပါယာကြီး တိုးတက်လာတာနဲ့ အမျှအသင်းတော် တိုးတက်ခဲ့တယ်။

ရောမအင်ပါယာကြီး ကျရှုံးတဲ့ အချိန်မှာ အသင်းတော်ကလည်း ချိနှဲ့လာခဲ့တယ်။ ဒါပေမဲ့ ရဟန္တတွေ၊ ရသေ့တွေအားဖြင့် ပြန်လည် ရုန်းထလာခဲ့တယ်။ ဒါပေမဲ့အရှေ့အသင်းတော်၊ အနောက်ပိုင်းအသင်းစသည်ဖြင့် ကွဲလွဲမှုတွေ ပေါ်ပေါက်ပြန်တယ်။ တစ်ခါပြန်ထတယ်။ တစ်ခါပြန်လာတယ်။ ဂိုဏ်းကွဲခရစ်ယာန်အသင်းတော်တွေ ပေါ်လာပြန်တယ်။ တစ်ခါ ဒုတိယဗာတီကန်ကနေ အသင်းအားယူပြီးတော့ပြန် ထလာတယ်။ ပထမနှစ် (၅၀၀) ဟာ ရောမအင်ပါယာလို့ ပြောလို့ရပါတယ်။ နောက်နှစ် (၅၀၀) ဟာ အရှေ့အသင်းတော် ခွဲထွက်ကာလလို့ ဆိုနိုင်သလို နောက်နှစ်(၅၀၀) ဟာဂိုဏ်းကွဲခရစ်ယာန်တွေ ပေါ်ထွက်တဲ့ကာလလို့ ဆိုနိုင်တယ်။ ယခုလက်ရှိ ယုံကြည်ခြင်း ခေတ်သမယဟာ ဒုတိယဗာတီကန်နဲ့ အားယူပြီးAsIPAဆိုတာ အသင်းတော်ကို ဘုရားရှင်က ခေတ်နဲ့ အညီ ရာစုသစ်ကာလတစ်လျှောက်မှာ ပို့ဆောင်ပေးတဲ့ ဝိညာဉ်တော်ရဲ့အသံလို့ သုံးသပ်နိုင်ပါတယ်။

ခရစ်တော်ဘုရားရှင် တရားဟောစဉ်က စပျစ်ရည်သစ်ကို သားရည်ဗူးသစ် မှာထည့်ရမယ်လို့ ဟောကြားတော်မူခဲ့ပါတယ်။ စပျစ်ရည်သစ်ကို သားရည်ဗူးဟောင်းမှာထည့်မယ်ဆိုရင် စပျစ်ရည်လည်းရှုံး၊ ဗူးလည်းရှုံး ဖြစ်ရမယ်။ တကယ်တော့ ပုံဥပမာနဲ့အသင်းတော်အကြောင်းကို ဟောခဲ့တာ ဖြစ်တယ်။ ယနေ့ ခေတ်သမယမှာ အာရှဆရာတော်ကြီးများက ခေတ်သစ်ကမ္ဘာကို နည်းသစ်၊ စနစ်သစ် AsIPAနည်းလမ်းနဲ့ သာသနာပြုကြရမယ် ဆိုတဲ့အဖြေကိုဆုပ်ကိုင်နိုင်ဖို့ ဝိညာဉ်ဘုရားက လမ်းပြပေးတာပဲ ဖြစ်ပါတယ်။ အသင်းတော်မှာ ဝိညာဉ်တော်အမြဲ ရှိတယ်။ ခေတ်သစ်ကို နည်းသစ်ဖြစ်တဲ့အားလုံးပါဝင်သော (BECs, SCCs )အားဖြင့် ရှင်သန်ဖို့ရာ ဖြစ်ပါတယ်လို့ မိန့်မြွက်ခဲ့ပါသည်။

မီး (ကလေး)
       


2019-12-05 22:17:39
အေထြေထြ
Untitled Document copyright © www.kalaycatholicdiocese.com, All rights reserved.