Untitled Document
Untitled Document

ကလေးကက်သလစ်သာသနာတမူးစီရင်စုစိန်အာနားမိခင်များ၏ (၂၅)နှစ် ပြည့်ဝတ်စောင့်ခြင်းနှင့်ငွေစင်ဂျူဘီလီပွဲတော်ကျင်းပခြင်း

ကလေးကက်သလစ်သာသနာတမူးစီရင်စုစိန်အာနားမိခင်များ၏ (၂၅)နှစ် ပြည့်ဝတ်စောင့်ခြင်းနှင့်ငွေစင်ဂျူဘီလီပွဲတော်ကျင်းပခြင်း

ကလေးကက်သလစ်သာသနာတမူးစီရင်စုစိန်အာနားမိခင်များ၏ (၂၅)နှစ် ပြည့် ဝတ်စောင့်ခြင်းနှင့် ငွေစင်ဂျူဘီလီပွဲတော်ကိုတမူးမြို့ပေါ်တွင် ၁၀-၁၄. ၁၀.၂၀၁၉ ရက်များတွင် စည်ကားသိုက် မြိုက်စွာကျင်းပခဲ့ကြသည်။ ၁၀.၁၀.၂၀၁၉ နေ့မှာဧည့်ရောက်နေ့ဖြစ်ပြီး ၁၁-၁၂.၁၀.၂၀၁၉ နေ့များမှာ ဝတ်စောင့် ကာလဖြစ်သည်။ ၁၃.၁၀.၂၀၁၉နေ့တွင် စိန်အာနားမိခင်များစတင်ဖွဲ့စည်းခြင်း၏ (၂၅) နှစ်ပြည့် ငွေစင်ဂျူဘီလီပွဲတော်ကို  ခြိမ့်ခြိမ့်သဲကျင်းပခဲ့ကြသည်။ သာသနာပိုင်ဆရာတော်ကြီးဖဲလစ် လျန်ခင်းထန်မှ ဂျူဘီလီကျောက်တိုင်ကောင်းကြီးပေး ခြင်းနှင့်ဂျူဘီလီပွဲတော် မစ္ဆားတရားတော် မြတ်ကိုဦးဆောင်ကျင်းပပေးခဲ့သည်။

ဂျူဘီလီပွဲတော်မကျင်းပမီ၊ စီရင်စုကျေးရွာအသီးသီးရှိမိခင်များမှ တစ်နှစ် တာအတွင်းလစဉ်တိုင်းတစ်လ (၁) ကြိမ် ဂျူဘီလီနိုဗီနား ပြုလုပ်ခြင်းများဖြင့် ပြင်ဆင်ကြပြီး၊ (၂၅) နှစ်ပြည့် ဂျူဘီလီအထိမ်းအမှတ် မဂ်္ဂဇင်းနှင့် တီရှပ်များကို ထုတ်ဝေခဲ့ကြသည်။ ဂျူဘီလီဝတ်စောင့် ကာလများတွင် ကျောင်းထိုင်ဘုန်းတော် ကြီးဖာသာရ်ဂျွန်မန်မှ “ဝတ်ပြုကိုးကွယ်ခြင်းဝိနည်း” ကိုလည်းကောင်း၊ လက်ထောက် ဘုန်းတော်ကြီးဖာသာရ် ဘောစ်ကိုလွန်ဇငမ်မှ “ခရစ်ယာန် အိမ် ထောင်စုအတွင်းအမျိုးသမီးများအခန်း ကဏ္ဍ” ကိုလည်းကောင်း၊  ဆရာမိုက်ကယ် ငမ်ခိုဆွန်းထန်မှ “စစ်မှန်သောအမိကက် သလစ်အသင်းတော် ဆင်းသက်လာပုံ” များကိုအသီးသီးဝေငှပို့ချပေးခဲ့ကြသည်။

ဝတ်စောင့်ကာလညအခမ်းအနားများတွင် ဂျူဘီလီသံစုံကွာယာပြိုင်ပွဲနှင့် ကျမ်းစာအက်ရှင်ပြိုင်ပွဲများကျင်းပပြုလုပ်ကြပြီး၊ ကျေးရွာအသီးသီးမှ မိခင်များတက်ကြွစွာ ပါဝင်ခဲ့ကြသည်။ ဤ (၂၅) နှစ်ပြည့် ဂျူဘီလီပွဲတော်တွင် စီရင်စုကျေးရွာ အ သီးသီးမှ မိခင်ဦးရေ (၂၈၀) ကျော်တက် ရောက်ခဲ့ကြပြီး (၂၅) နှစ်တာအတွင်းအစည်ကားဆုံးပွဲတော်အဖြစ်မှတ်တမ်းတင် ခဲ့ကြသည်။

တမူးစီရင်စုစိန်အာနားမိခင်များအဖွဲ့အစည်းကိုတမူးစီရင်စု၏ပထမဆုံးကျောင်းထိုင်ဘုန်းတော်ကြီးဖြစ်သောဖာသာရ်ရောဘတ် ကမ်းခိုဟောက်မှ ၁၉၉၄ ခုနှစ်တွင် စတင်ဖွဲ့စည်းပေးခဲ့ပြီး၊ ခေတ်အဆက်ဆက်ကျောင်းထိုင်ဘုန်းတော်ကြီးများ၏ ဦးဆောင်လမ်းပြမှုဖြင့် ယခုချိန်တွင် စီရင်စုအတွင်းလွန်စွာအားထားရသောအဖွဲ့အစည်းတစ်ခုအဖြစ်ရပ် တည်လျက်ရှိသည်။

ဤကဲ့သို့ တမူးစီရင်စုစိန်အာအားမိခင်များ၏ (၂၅) နှစ်ပြည့်ငွေစင်ဂျူဘီလီပွဲတော်ဖြစ်တည်လာရန်လမ်းပြဦးဆောင် ပေးခဲ့ကြသောခေတ်အဆက်ဆက်မှ ရဟန်းတော်များသီလရှင်များ၊ဓမ္မဆရာ ကြီးများနှင့်ပွဲတော်အောင်မြင်စွာကျင်းပ နိုင်ရေးအတွက် အဖက်ဖက်မှ ဝိုင်းဝန်း ပံ့ပိုး ပါဝင်ခဲ့ကြသောကျေးဇူးတင်ထိုက် သူများအားလုံးအပေါ်
ဂျူဘီလီကောင်းကြီးများ ခံစားရပါစေကြောင်း ဆုမွန်ကောင်းပို့သအပ်ပါသည်။

ဆရာမိုက်ကယ်
               


2019-12-05 21:49:41
အေထြေထြ
Untitled Document copyright © www.kalaycatholicdiocese.com, All rights reserved.