Untitled Document
Untitled Document

    စိန်မော်နီကားပွဲနှင့်သင်းလုံးကျွတ်အစည်းအဝေးကျင်းပ

    စိန်မော်နီကားပွဲနှင့်သင်းလုံးကျွတ်အစည်းအဝေးကျင်းပ

    ၂၀၁၉-ခုနှစ်၊ တတိယအကြိမ်မြောက် စိန်မော်နီကားမိခင်များပွဲတော်နှင့်ပထမအကြိမ် သင်းလုံးကျွတ်အစည်းအဝေး၊ အလုပ်အမှု ဆောင်သစ်ရွေးချယ်ခြင်းအခမ်းအနားကို (၂၇. ၈.၂၀၁၉)နေ့တွင် စိန်မေရီကယ်သီဒြယ်ဘုရား ကျောင်း၌ ကျင်းပပြုလုပ်ကြပါသည်။

        အဆိုပါပွဲမတိုင်မှီ နိုဗီနာပြုလုပ်ကာ Sia David Thang Khaw Lian Pau မှ ဦးဆောင် ပေးပါသည်။ နိုဗီနာပထမနေ့တွင် ကျောင်းထိုင် ဘုန်းတော်ကြီးမှ ဦးဆောင်ကာကိုယ်တော်မြတ် ကောင်းကြီးနှင့် အစပြုပါသည်။ ပွဲနေ့မစ်္ဆား တရားကို နံနက် (၆း၀၀) နာရီတွင်စတင်ကာ Fr.Dominic Thang Suan Langh, Fr. David Sut Hau Lian, Fr. Joseph Pau Kap Mung တို့မှပူဇော်ပြီး  Fr.Joseph Pau Kap Mung မှ သြဝါဒ မြွတ်ကြားသွား ပါသည်။ ကျမ်းစာ၊ဆာလံနှင့် သီချင်းများကို မိခင်များမှဦးဆောင်ပါသည်။ မိခင်များဆက် ကပ် ပူဇော်ခြင်းတွင်လည်း တတ်အားသရွေ့ပါ ဝင်ကြပါသည်။ မစ္ဆားတရားအပြီးတွင် အလှူ ရှင်များ၊ မိခင်များ၏သဒ္ဓါတရားဖြင့် လှူဒါန်း ကြသော လက်ဘက်ရည်နှင့် မုန့်အတူအကွ သုံးဆောင်ကြပါသည်။ ၎င်းနောက် ပထမ အကြိမ် မိခင်များ၏သင်းလုံးကျွတ် အစည်း အဝေးနှင့် အလုပ်အမှုဆောင်သစ်ရွေးချယ်ခြင်း အခမ်းအနားကျင်းပကြပါသည်။ အဖွင့်ဆု တောင်းခြင်းကို  Daw Zel Sun Ciin မှ ဦးဆောင်ပါသည်။ ကျောင်းထိုင်ဘုန်းတော်ကြီး Fr.Dominic Thang Suan Langh မှ အမှာစကားပြောကြားရာတွင် (ဆာလံ ၁၂၆) “ငိုကြွေးသောသူသည် ဝမ်းမြောက်ရွှင်လန်း ခြင်းခံရလိမ့်မည်။” စိန်မော်နီကားမျက်ရည်ဖြင့် ဆုတောင်း၍ စိန်သြဂုတ်စတင်းကဲ့သို့ရဟန္တာ တစ်ပါးကိုပေါ်ထွန်း စေခဲ့သည့်အကြောင်းကို အခြေခံ၍ စိန်မော်နီကား၏ အတ္ထုတ္တိကိုပြော ကြားသွားပါသည်။ ဆက်လက်ပြီး အစီရင်ခံ စာများကို ရှင်မာဿဲရပ်ကွက်မှ Daw Joanna Nian Zam Cing ၊ ရှင်မာကုရပ်ကွက်မှ Day Anny Khai၊ ရှင်လုကာရပ်ကွက်မှ Prisca Man San Cing၊ တို့မှ အသီးသီးတင်ပြ အစီရင်ခံကြပါသည်။ စိန်မေရီမိခင် ဥက္ကဌ Matina Ning Hau Niang မှ စိန်မော်နီကားမိခင်များ၏ လှုပ်ရှားမှုများအ ကြောင်းပြောပြပြီး ရသုံးငွေစာရင်းရှင်းတမ်း များကိုလည်း ရှင်းလင်းတင်ပြသွားပါသည်။

    ကျောင်းထိုင်ဘုန်းတော်ကြီးမှ အကြံပြု ဆွေးနွေးရာတွင်- သာရေး၊ နာရေး ဝိုင်းဝန်း ဆောင်ရွက်ပေးတဲ့ မိခင်များအားအထူးကျေးဇူး တင်ကြောင်း၊  တဆင့်တက်၍ ရပ်ကွက် Level မှ စီရင်စု Level သို့ တက်လှမ်းစေလိုကြောင်း၊ စီရင်စုမိခင် သာရေး/နာရေးဆောင်ရွက်စေလို ကြောင်း၊ ရှေ့လုပ်ငန်းစဉ်၌စီရင်စုအဆင့်ထိတိုး တက်ရန် သာရေး/နာရေး ဆောင်ရွက်သွား စေလိုကြောင်း၊ စီရင်စုအတွင်းလိုအပ်သောအရာ များကို လေ့လာအကဲခတ်၍ အသေးစိပ်ကူညီ ပံ့ပိုးဆောင်ရွက်ပေးစေလိုကြောင်း၊ မိခင်လှုပ်ရှား မှုများကို ရပ်ကွက်အဆင့်နှင့်သာ တင်းတိမ် မနေဘဲ၊ စီရင်စုအဆင့်၊ သာသနာအဆင့်ထိ တိုးတက်ဆောင်ရွက်နိုင်ကြရန်ကြိုးစားစေလို ကြောင်း၊ အမှုဆောင်သစ်အဖွဲ့မှ စာရင်း ဇယား တိကျမှန်ကန်စွာ လုပ်ဆောင်သွားကြရန် နှင့် ဆက်လက်ကြိုးစား ဆောင်ရွက်သွားကြ ရန် အကြံပြုဆွေးနွေးသွားပြီးနောက် အမှု ဆောင်သစ်ရွေးချယ်ရန်အတွက် ဖွဲ့စည်းပုံနှင့် တာဝန်ခွဲဝေမှုများ ရှင်းလင်းတင်ပြပါသည်။
၂၀၁၉-၂၀၂၁ စိန်မေရီအလုပ်အမှုဆောင် သစ်များ -
(၁) ဥက္ကဌ - Daw Joanna Nian Zam Cing    (မာဿဲရပ်ကွက်)
(၂) ဒု- ဥက္ကဌ - Daw Maria Huai Ngaih Lun    (မာကုရပ်ကွက်)
(၃)အတွင်းရေးမှူး- Daw Prisca Man San Cing    (လုကာရပ်ကွက်)
(၄) တွဲဖက်အတွင်းရေးမှူး- Daw Mang Nuam Ciin (မာဿဲရပ်ကွက်)
(၅) ဘဏ္ဍာရေးမှူး-Daw Nuam Do Ciin     (မာကုရပ်ကွက်)
(၆) စာရင်းကိုင် - Daw Floda Thu Sai    (လုကာရပ်ကွက်)
(၇) စာရင်းစစ်(၁)- Daw Monica Tlang Za Ngam (လုကာရပ်ကွက်)
(၈) စာရင်းစစ်(၂)- Daw Zen Hau Ciin    (မာဿဲရပ်ကွက်)
(၉)စာရင်းစစ်(၃)- Daw Mang Lian Cing    (မာကုရပ်ကွက်)
(၁၀)အဖွဲ့ဝင် (၁) -  Daw Til Kil          (မာဿဲရပ်ကွက်) ဘုံတော
(၁၁)အဖွဲ့ဝင်(၂)- Daw Nian Khan Vung    (မာဿဲရပ်ကွက်)
(၁၂)အဖွဲ့ဝင်(၃)- Daw Ciin Aih Lam Cing    (မာဿဲရပ်ကွက်) သံတံတား
(၁၃)အဖွဲ့ဝင်(၄)- Daw Ning Huai Cing        (မာကုရပ်ကွက်)
(၁၄)အဖွဲ့ဝင်(၅)- Daw Don Sial Niang    (မာကုရပ်ကွက်)
(၁၅)အဖွဲ့ဝင်(၆)- Daw Ciin Man Niang        (လုကာရပ်ကွက်)
(၁၆)အဖွဲ့ဝင်(၇) – Daw Man Do Lun        (လုကာရပ်ကွက်)
(၁၇)အဖွဲ့ဝင်(၈) – Daw Khin Sein        (မာကုရပ်ကွက်) MRC
(၁၈)ပစ္စည်းထိန်း- Daw Cing Khaw Nian    (လုကာရပ်ကွက်)
(၁၉)    ပြန်ကြားရေး-  မိခင်အဖွဲ့ဝင်များ အားလုံးမှ တာဝန်ယူ၍ ဆောင်ရွက်ရန်၊
အလုပ်အမှုဆောင်များမိတ်ဆက်ခြင်းနှင့် မှတ်တမ်းဓာတ်ပုံရိုက်ခြင်းအပြီးတွင်ပထမပိုင်း အစီအစဉ် ပြီးဆုံးသွားပါသည်။

    ဒုတိယပိုင်းအစီအစဉ်အရ- လက်ဆောင် ပစ္စည်းများပေးအပ်ရာတွင် ဘုန်းတော်ကြီးများ၊ သီလရှင်များ၊ ဓမ်္မဆရာများ၊ မိခင်၊ ဖခင်ဂေါပကများ၊ လူငယ် များ၊ စီရင်စုရုံးအဖွဲ့များ၊ မိခင်များအပတ်စဉ် ဥပုသ်စောင့်သူများ၊ နာရေးတွင်သွားရောက်နှစ်သိမ့်ဆုတောင်းပေးရာတွင် အများဆုံး ပါဝင်နိုင်သူများစသည်ဖြင့် ဆုများချီးမြှင့်ပါသည်။

    Fr. David Sut Hau Lian မှ အမှာစကားပြော ကြားရာတွင်- မိခင်များ၏ စိန်မော်နီကားပွဲနေ့၌ ပါဝင်ခွင့်ရ၍ ဝမ်းသာကြောင်း၊ အဖွဲ့အစည်း၌ပါဝင်ပါက ဦးစွာနာခံခြင်းဖြင့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်သင့်ကြောင်း၊ နာရေးဆု တောင်းခြင်း၊ ဥပုသ်စောင့်ဝတ်ပြုခြင်းများ၊ သာသနာလုပ်ငန်း များကို ကြိုးစားလုပ်ဆောင်သွားကြစေလိုကြောင်း ပြောကြား သွားပါသည်။

    Sr.Anna Zen Cing မှ ပြောကြားရာတွင် တမူး၌ တာဝန်ကျရာ  လေ့လာရေးအနေနဲ့ လာခဲ့ခြင်းဖြစ်ကြောင်း၊ ယခင်လူငယ်အဖွဲ့၊  မိခင်အဖွဲ့များနှင့် တွဲဖက်လုပ်ကိုင်ဖူးကြောင်း၊ မိခင်များသည် မိသားစု၏လိုအပ်ချက်များကို သိမြင်၍၊ မိခင် များသည် လက်တွေ့ဘဝအတွေ့အကြုံရှိသူဖြစ်၍ မိဘများထံမှ သင်ယူခဲ့ရကြောင်း၊ မိခင်များသည် တကယ်လုပ်ဆောင်လျှင် တကယ်ဖြစ်ကြောင်း၊ မိသားစုများတွင်ဖြစ်နေသော လူငယ်သား သမီးများ ဘုရားကျောင်း၌ အားနည်းနေသည်ကို မိခင်များမှ ဂရုစိုက်၍ ဘုရားကျောင်းရောက်အောင် ဘုရားတရား၌ယုံကြည် ကိုးစားအောင် ကြိုးစားဆောင်ရွက်သင့်ကြောင်း၊ ဆုတောင်း မေတ္တာများဖြင့် ပံ့ပိုးပေးကြစေလိုကြောင်း၊ လက်ဆောင်ပေး သည့်အတွက်လည်း ကျေးဇူးတင်ကြောင်းပြောကြားသွားပါသည်။

    ဓမ္မဆရာ David Thang Khaw Lian Pau မှ သာသနာ အတွက် အတတ်နိုင်ဆုံးကြိုးစား ဆောင်ရွက်စေလိုကြောင်း၊ ဘုရားတရား၌ ယုံကြည်ကိုးစား၍ အမှုဆောင်များအားလုံး၊ နာခံခြင်း၊ စည်းလုံးခြင်း၊ သည်းခံခြင်း၊ လုံ့လစိုက်ခြင်းတို့ဖြင့် သာသနာအတွက် ဆောင်ရွက်ရန်လိုကြောင်း၊ စည်းဝေးရှိက မပျက်မကွက်တက်ရောက်၍ ဘုရားတရား၌ ကိုယ်စိတ်ဝိညာဉ် ခွန်အားတိုးတက်လာအောင် ခေါင်းဆောင်များမှ ဦးဆောင်ကာ ဆောင်ရွက်သင့်ကြောင်း ပြောကြားသွားပါသည်။
 အခမ်းအနားကို မွန်းလွဲ ၂း၅၀နာရီတွင် ရုတ်သိမ်းကာ ကျောင်းထိုင်ဘုန်းတော်ကြီးမှ ဦးဆောင်ပြီး ကိုယ်တော်မြတ်ဖူး မျှော်ခြင်းဖြင့် အဆုံးသတ်ပါသည်။

               
စီစီလျားလွန်   




2019-11-25 21:17:40
အေထြေထြ
Untitled Document copyright © www.kalaycatholicdiocese.com, All rights reserved.