Untitled Document
Untitled Document


ပဉ္စမကြိမ် ကလေးကက်သလစ်သာသနာ ဓမ္မဆရာ/မများအဖွဲ့အစည်း အီးစီကော်မတီ
အစည်းအဝေးကျင်းပ


နေ့ရက်    - ၁၈.၉.၂၀၁၉
အချိန်    - နံနက် ၉း၀၀-၁၂း၀၀နာရီ
နေရာ    - ဆရာတော်ကြီးကျောင်းတိုက်၊ အစည်းဝေးခန်းမ။

တက်ရောက်သူများ
သာသနာပိုင်ဆရာတော်ကြီး Felix Lian Khen Thang ဘုန်းတော်ကြီး(၇)ပါးနှင့် ဓမ်္မဆရာ(၆)ဦးတို့ တက်ရောက်ကြပါသည်။

ဆွေးနွေးဆုံးဖြတ်ချက်များ
 ၁။ ကလေးသာသနာ (၃)နှစ်တစ်ကြိမ် ဓမ္မဆရာ/မများ မွမ်းမံသင်တန်းပြုလုပ်ရန် သဘောတူကြပါသည်။
(က) နေရာ - မိုင်နွဲငြိမ်းချမ်းခြင်းမယ်တော့်ရိပ်မြုံ၊
(ခ) နေ့ရက် - ၂၀၂၀-ခုနှစ်၊ ဖေဖေါ်ဝါရီ (၁၇-၂၂)ထိ
 ၂။ ကုန်ကျမည့်ခန့်မှန်းငွေသားသိန်း (၁၂၀) မှ သာသာမှ သိန်း(၆၀) တာဝန်ယူပြီး၊ ကျန်သိန်း(၆၀)အား ဇုံနယ်အလိုက်ခွဲတမ်းချ မှတ်လိုက်ပါသည်။
    (က) ကလေးဇုံမှ ကျပ်သိန်း (၂၀)၊
    (ခ) ခမ်းပတ်ဇုံမှ ကျပ်(၁၅)သိန်း၊
    (ဂ) တီးတိန်ဇုံမှ ကျပ် (၁၅)သိန်း၊
    (ဃ)တွန်းဇန်ဇုံမှ ကျပ်(၁၀)သိန်း၊
 ၃။ သင်တန်းပို့ချမည့် ပုဂ္ဂိုလ်များနှင့် ပို့ချမည့်ဘာသာရပ်များ
(က) Fr.John Lian Cin Pau (Lay Missionary)
(ခ) Fr.Damian Zam Sian Dal, Fr.John Hau Hawm Mang (Biblical Catechism)
(ဂ) Fr.Raphael Khupi (Pastoral Leadership)
(ဃ)Fr. John Pau Sian Thang (Modern Theology)
(င) U Alphose Khuah Thio (ဥပဒေဆိုင်ရာများ)
(စ) Dr.Simon Thuam Khan Suan, Dr. Elizabeth Goih Khan Nuam,
      Dr.William On Lam Khual   (ကျန်းမာရေးကဏ္ဍ)
(ဆ) ပတ်ဝန်းကျင်ထိန်းသိမ်းရေး Fr.Titus Zam Lian Pau မှ တာဝန်ယူရှာ ပေးရန်။
 ၄။ သက်ပြည့်အနားယူဓမ္မဆရာများအား သူ၏ထည့်ရန်ပုံငွေ (၂၀၀၀၀/-) အမြတ် (၅၀၀၀/-)အပြင်၊ ကံစမ်းမဲမှ ရရှိငွေ ကျပ် (၂၅၀၀၀/-)စုစုပေါင်း ကျပ် (၅၀၀၀၀/-) စီထုတ်ပေးရန် သဘောတူကြပါသည်။
 ၅။ သာသနာမှ သက်ပြည့်အနားယူ ဓမ္မဆရာကြီးတို့အား နောင်တွင်လည်း မိမိစုငွေ အပေါ်မူတည်၍ အတိုးနှင့်တွက်ချက်ကာ၊နောက် ထပ် (ကျပ် ၂၅၀၀၀/-)ပူးတွဲထုတ်ပေးရန် သဘောတူကြပါသည်။
 ၆။ သာသနာဓမ်္မဆရာ/မများ၏နာရေး ကူညီမှု- ဆရာတစ်ဦးကွယ်လွန်ပါက (ကျပ် ၅၀၀၀၀/-) ဖြင့် ယနေ့မှ စ၍ ကူညီနှစ်သိမ့် ပေးရန် သဘောတူကြပါသည်။
 ၇။ သက်ပြည့်အနားယူဓမ္မဆရာတို့အား ဆက်လက်အသုံးပြုလိုပါက သက်ဆိုင်ရာဘုန်းတော်ကြီးမှ သာသနာပိုင်ဆရာတော်ကြီးထံသို့ လျှောက်ထားရပါမည်။ ဆရာတော်၏ခွင့်ပြု ချက်ရမှသာလျှင် ဓမ္မဆရာအား ဆက်လက်အမှုတော်ဆောင်ရွက်ခွင့်ရှိသည်။
 ၈။ အနားယူပြီးနောက် စီရင်စုတစ်ခုမှ အခြားစီရင်စုတစ်ခုသို့ပြောင်းပြီး ဓမ္မဆရာလုပ် လိုပါက သက်ဆိုင်ရာဘုန်းတော်ကြီးမှမိမိဘုန်း တော်ကြီးထံသို့ ထောက်ခံစာတောင်းခံရရှိစာ နှင့်ပူးတွဲ၍ ဆရာတော်ကြီးထံသို့လျှောက်ထား ရမည်။ ဆရာတော်ကြီးခွင့်ပြုချက်ရရှိပြီးနောက် ဓမ်္မဆရာတာဝန်ဆောင်ရွက်ရန်ဖြစ်၏။ ထောက်ပံ့ကြေးငွေကို လျှောက်ထားသူဘုန်းတော်ကြီး ၏တာဝန်သာဖြစ်ပါသည်။
 ၉။ ဆရာတော်ကြီး၏ ထောက်ခံခွင့်ပြု ချက်ရပြီးနောက်၊ ၎င်းထောက်ခံစာမိတ္တူတစ် စောင်ကို သာသနာဓမ္မဆရာများအဖွဲ့အစည်း ရုံးသို့ပေးပို့ရန်သဘောတူကြပါသည်။
 ၁၀။ ဒုတိယအကြိမ်မြောက် သာသနာ လုံးဆိုင်ရာဓမ္မရာများမွမ်းမံသင်တန်း အချိန် ဇယား နံနက် (၈း၀၀ မှ ညနေ၄း၀၀)နာရီ အထိဖြစ်၍ ညပိုင်းတွင် ဆွေးနွေးချက်များ (Whorkshop) ပြုလုပ်ခြင်းနှင့်ဖျော်ဖြေရေး ပြုလုပ်ရန် သဘောတူကြပါသည်။

မှတ်ချက် ။ ။ ဆရာတော်ဘုရားမှ - ခြွင်းချက်မရှိသည့်အသင်းတော်၊ သန့်ရှင်းလှပနေသည့် အသင်းတော်ကို ကိုယ့်ကြောင့် မညစ်ညူးစေပါနှင့်၊ ဓမ္မဆရာ/မ များမှ အရက်သေစာ သောက်စားမူးယစ်သူ လူသိရှင်ကြားရှိပါက ဆရာတော်ကိုယ်တိုင် သူ့ကို အနားယူခိုင်းမည် ဟုမိန့်တော်မူ၏။

Sir Bernard Lian


2019-11-25 20:59:12
အေထြေထြ
Untitled Document copyright © www.kalaycatholicdiocese.com, All rights reserved.